DVB Logo
Home
နိုင်ငံတကာ
ဒိန်းမတ်က ဂရင်းလန်ကျွန်း ကာကွယ်ရေးဘတ်ဂျက်ကို တိုးမြှင့်
DVB
·
December 25, 2024
ဒိန်းမတ်က ဂရင်းလန်ကျွန်း ကာကွယ်ရေးဘတ်ဂျက်ကို တိုးမြှင့်
Donate to DVB

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ရဲ့ ဂရင်းလန်ကျွန်းကို ဝယ်ယူလိုကြောင်း ပြောကြားချက်အပြီး နာရီပိုင်းအကြာမှာတင် ဒိန်းမတ်အစိုးရက ကာကွယ်ရေးအသုံးစရိတ် အများအပြား တိုးမြှင့်မယ်လို့ ကြေညာလိုက်ပါတယ်။

ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်ကျွန်းပေါ်မှာ အမေရိကန်ရဲ့  အာကာသစခန်းကြီးတခု အခြေစိုက်ထားသလို မြောက်အမေရိက ကနေ ဥရောပကိုသွားတဲ့ အတိုဆုံးလမ်းကြောင်းပေါ်မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တွင်းထွက်သယံဇာတတွေပါ အများအပြား ရှိနေတာကြောင့် အမေရိကန်အတွက် မဟာဗျူဟာအရ အရေးပါတယ်လို့ ဖော်ပြထားပါတယ်။

ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး ထိုးလ်စ် လန့်ဒ် ပေါလ်ဆင် ကတော့ အသုံးစရိတ်အတိအကျကို ထုတ်မပြောခဲ့ပေမဲ့လည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံလောက် အနည်းဆုံး ရှိနိုင်တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီအသုံးစရိတ်ထဲမှာ ကင်းလှည့်စစ်ဆေးရေး သင်္ဘောအသစ် ၂ စီး၊ အဝေးပြေးဒရုန်းအသစ် ၂ စင်းနဲ့ ခွေးဆွဲစွတ်ဖားလှည်းအဖွဲ့ ၂ ဖွဲ့အထိ ပါဝင်တယ်ဆိုပြီး ပေါလ်ဆင် ကိုယ်တိုင် အတည်ပြုပါတယ်။

Nuuk မြို့တော်က အာတိတ်စစ်ဌာနချုပ်မှာလည်း ဝန်ထမ်းတွေ တိုးချဲ့ခန့်အပ်ဖို့နဲ့ အရပ်ဘက်လေဆိပ် ၃ ခုထဲက တခုကို အသံထက်မြန်တဲ့ F-35 တိုက်လေယာဉ်တွေ ဆင်းသက်နိုင်အောင် အဆင့်မြှင့်တင်ဖို့အတွက်ပါ ရည်ရွယ်ထားပါတယ်။

ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်တဲ့ ဂရင်းလန်း အနီးတဝိုက် ရေပိုင်နက်ထဲမှာ တရုတ်နဲ့ ရုရှားရဲ့  ကျူးကျော်မှုတွေ ရှိလာတဲ့အခါ ဒိန်းမတ်အနေနဲ့ မကာကွယ်နိုင်ဘူးဆိုရင် အမေရိကန်က ထိန်းချုပ်ခွင့်ပေးဖို့ကို ဒီထက်ပိုပြီး တောင်းဆိုလာနိုင်ပါတယ်။

ဒါကြောင့် ထရမ့်ပ်က “အမေရိကန်အနေနဲ့ ဂရင်းလန်ကို ပိုင်ဆိုင်ခွင့်ရဖို့နဲ့ ထိန်းချုပ်နိုင်ရေးဟာ မဖြစ်မနေလိုအပ်တယ်” ဆိုပြီး သူ့ရဲ့  Truth ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။

ဂရင်းလန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဝန်ကြီးချုပ် မျု့အက်ဂီကတော့ “ကျနော်တို့ဟာ ရောင်းကုန်မဟုတ်ဘူး” လို့ ထရန့်ပ်ရဲ့မှတ်ချက်ကို တုံ့ပြန်ခဲ့ပါတယ်။

၁၈၆၀ ပြည့်နှစ် ကာလတုန်းကလည်း အမေရိကန်သမ္မတဟောင်း အန်ဒရူး ဂျွန်ဆင် လက်ထက်မှာ ဂရင်းလန်ကျွန်းကို ဝယ်ယူဖို့အတွက် ပထမဆုံး အဆိုပြုခဲ့ဖူးပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013