DVB Logo
Home
နိုင်ငံတကာ
နေနှင့်အနီးဆုံးကို နာဆာအာကာသယာဉ် ပထမဆုံး သွားရောက်လေ့လာမည်
DVB
·
December 25, 2024
နေနှင့်အနီးဆုံးကို နာဆာအာကာသယာဉ် ပထမဆုံး သွားရောက်လေ့လာမည်
Donate to DVB

‌နေနဲ့ အနီးဆုံးအထိ သွားရောက်ဖို့ နာဆာအာကာသယာဉ် ပါကားက မျှော်လင့်ထားပါတယ်။

နေရဲ့ အပြင်ဘက် လေထုထဲကို ဒီဇင်ဘာ ၂၄ ရက်က ပျံသန်းခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာကနေ နေနဲ့ အနီးဆုံး သွားရောက်နိုင်တဲ့ ပထမဆုံးဖြစ်ဖို့ မျှော်လင့်ထားပါတယ်။

“နေရဲ့အနားကို သွားဖို့ဆိုတာ လူသားတွေအနေနဲ့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပါကားဟာ မရောက်ဘူးတဲ့ နေရာကနေ အချက်အလက်တွေယူပြီး ပြန်လာမှာပါ” လို့ နာဆာဘလော့မှာ မစ်ရှင်မန်နေဂျာ နစ်က ပြောပါတယ်။

ပါကားအာကာသယာဉ်ဟာ မနက် ၆ နာရီ ၅၃ မိနစ်မှာ နေမျက်နှာပြင်ကနေ မိုင်ပေါင်း ၃ ဒသမ ၈ သန်း အကွာအဝေးကနေ ပျံသန်းမှာဖြစ်ပါတယ်။

၁ နာရီ မိုင် ၄၃၀,၀၀၀ အထိ သွားတဲ့အချိန်မှာ အပူချိန် ၁,၈၀၀ ဒီဂရီဖာရင်ဟိုက်အထိ တက်လာမယ်လို့ နာဆာက ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်က နေရဲ့ လေထုထဲကို ပထမဆုံးအကြိမ် လေ့လာမှုအရ နေရဲ့ လေထုနယ်နိမိတ်ကို အပြည့်အဝ သိခဲ့ရပြီး နေရဲ့ အပြင်ဘက်လေထု ကိုရိုနယ်ကို အနီးကပ်လေ့လာခွင့် ရခဲ့ပါတယ်။

နေ လေ့လာမှုကို ၂၀၁၈ ခုနှစ်ကတည်းက ဗီးနပ်အာကာသယာဉ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နေကို လေ့လာဖို့ ဒီလို အာကာသယာဉ်တွေ အသုံးပြုခြင်းက တိမ်ထူတဲ့ကမ္ဘာကနေ လေ့လာခြင်းထက် လေ့လာမှုနည်းလမ်းအသစ်လို့ နာဆာက ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013