DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု ပိုဆိုးလာ၊ ငတ်မွတ်နိုင်ငံစာရင်းတွင် မြန်မာ ပါဝင် 
DVB
·
December 25, 2024
ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု ပိုဆိုးလာ၊ ငတ်မွတ်နိုင်ငံစာရင်းတွင် မြန်မာ ပါဝင် 
Donate to DVB

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေရဲ့ အကူအညီပေးမှု လျော့လာတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု ပိုဆိုးလာပြီး လာမယ့်နှစ်မှာ လူ ၃၀၇ သန်းအတွက် လူသားချင်းစာနာကူညီမှု ၆၀ ရာခိုင်နှုန်းတိုးပြီး ထောက်ပံ့မှသာ စားနပ်ရိက္ခာ လုံလောက်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

၂၀၂၅ ခုနှစ်မှာ လူ ၁၁၇ သန်းက ထေက်ပံ့မှုမရှိဘဲ စားနပ်ရိက္ခာမရနိုင်ဘူးလို့ ကုလသမဂ္ဂက ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၄၉ ဒသမ ၆ ဘီလီယံ အကူအညီတောင်းခံခဲ့ရပြီး ၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ အချက်အလက်တွေက ဖော်ပြပါတယ်။ ဒါဟာ ဒုတိယနှစ်အဖြစ် အကူအညီတောင်းခံရမှု ထက်ဝက်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့ချမ်းသာတဲ့နိုင်ငံတွေရဲ့ ကူညီမှု လျော့ကျခဲ့တာကြောင့် ငတ်မွတ်ခေါင်းပါးမှု အရေးအတွက် အသုံးပြုငွေ လျော့ပါးလာတာပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အေဂျင်စီတခုဖြစ်တဲ့  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆီးရီးယားလိုနိုင်ငံမှာ လူ ၆ သန်းအတွက် ထောက်ပံ့နေရပြီး အလှူငွေမရတာကြောင့် လူ ၁ သန်းလောက် ထောက်ပံ့နေမှုကို ဖြတ်တောက်ခဲ့ရပါတယ်။

ဒီဒေသတွေမှာ ပဋိပက္ခတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ပေါ်နေပါတယ်။

လူသားချင်းစာနာမှု လှူဒါန်းတာနဲ့ပတ်သက်ပြီး အမေရိကန်၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက ၂၀၂၀ ကနေ ၂၀၂၄ အထိ ဒေါ်လာ ဘီလီယံ ၁၇၀ ရဲ့ ၅၈ ရာခိုင်နှုန်းကို လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံ ၃ နိုင်ငံပေါင်း လှူဒါန်းမှုက ကုလထုတ်ပြန်မှုမှာ ၁ ရာခိုင်နှုန်းထက် လျော့နည်းနေပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ဘီလီယံချီ အကုန်အကျခံ ကျင်းပခဲ့ပြီး လူသားချင်းစာနာမှုမှာ ၁၁ သန်းခွဲ လှူဒါန်းထားပါတယ်။

၂၀၂၃ ခုနှစ်က လပေါ်ဆင်းသက်နိုင်ဖို့ ဒေါ်လာ ၇၅ သန်း အကုန်ခံထားတဲ့ အိန္ဒိယနိုင်ငံကလည်း ဒေါ်လာ ၆ ဒသမ ၄ သန်း လှူဒါန်းထားကြောင်း ရိုက်တာက ဖော်ပြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းစာရင်းမှာ ဆူဒန်၊ မြန်မာနဲ့ အာဖဂန်နစ္စတန်တို့လည်း ပါဝင်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013