DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရေဘေးအတွက် WFP က အရေးပေါ်  ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု စတင်
DVB
·
September 3, 2026
Photo: WFP 
Photo: WFP 
Donate to DVB

ဧရာဝတီတိုင်းအတွင်း ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေအတွက် လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုမိုအားကောင်းလာစေဖို့ အခမဲ့ အရေးပေါ် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုကို စတင်လိုက်တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

WFP အနေနဲ့ သူ့ရဲ့ ထောက်ပံ့ပို့ဆောင်ရေး စွမ်းဆောင်ရည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းအားလုံးအတွက် ဖွင့်လှစ်ပေးလိုက်တာဖြစ်ပြီး ရေဘေးသင့် ပြည်သူတွေထံ အသက်ကယ်ဆယ်ရေး အကူအညီတွေ လျှင်မြန်စွာ ရောက်ရှိနိုင်ရေးကို အရှိန်မြှင့် တင်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

အဆိုပါ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကို ကနဦး ရေဘေးဒဏ်ပြင်းထန်စွာ ခံစားနေရတဲ့ လေးမျက်နှာ၊ ရေကြည်နဲ့ ငါးသိုင်းချောင်း မြို့နယ်တွေမှာ သီတင်း ၂ ပတ်ကြာ  ဆောင်ရွက်နေပြီး လိုအပ်ချက်အပေါ်မူတည်ကာ တိုးချဲ့သွားဖို့ အစီအစဉ် ရှိတယ်လို့ WFP က ပြောပါတယ်။

WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဌာနမှူး မိုက်ကယ် ဒန်းဖို့ဒ်က “ရေကြီးရေလျှံမှုတွေ ကြောင့် လူထုအသိုက်အဝန်းတခုလုံး အဆက်အသွယ် ပြတ်တောက်သွားတဲ့အခါ ထောက်ပံ့ပို့ ဆောင်ရေးဟာ ကူညီကယ်ဆယ်ရေး အောင်မြင်မှုနဲ့ ကျရှုံးမှုကို ဆုံးဖြတ်ပေးတဲ့ အဓိကအချက် ဖြစ်လာပါတယ်။ WFP အနေနဲ့ ကိုယ်ပိုင် စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးတာတွေအပြင် ပိုမိုကျယ်ပြန့်တဲ့ လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေအတွက် ထောက်ပံ့ ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူအဖြစ် ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပို့ဆောင်ရေးလမ်းကြောင်းတွေကို ပူးပေါင်းဆောင်ရွက်သူ အဖွဲ့အစည်းတွေအတွက် ဖွင့်လှစ် ပေးလိုက်ခြင်းအားဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ယာယီခေတ္တနေထိုင်ရေး ပစ္စည်းတွေကို အမှန်တကယ် လိုအပ်နေသူတွေထံ မြန်မြန်ဆန်ဆန်နဲ့ ဘေးကင်းကင်း ရောက်ရှိအောင် စုပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်" လို့ ထုတ်ပြန် ပြောပါတယ်။

ရေဘေးအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကုန်ပစ္စည်းတွေအတွက် WFP ရဲ့ ယာဉ်တွေကို အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

သယ်ယူနိုင်တဲ့ ကုန်စည်တွေထဲမှာတော့ စားနပ်ရိက္ခာနဲ့ အာဟာရဆိုင်ရာ အကူအညီတွေ၊ WASH (ရေ၊ သန့်ရှင်းရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး) ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ အရေးပေါ် မိုးကာ/တဲ အမိုးအကာပစ္စည်းတွေ ပါဝင်ပါတယ်။ 

WFP ဟာ စစ်ကိုင်းတိုင်းအတွင်း အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့ရေး လုပ်ငန်းတွေကိုလည်း စတင်နေပြီး ဒီကနေ့အထိ  တိုင်းဒေသကြီး ၂ ခုစလုံးရှိ ရေဘေးသင့် ပြည်သူ ၁၅,၀၀၀ ထံ အရေးပေါ် စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးအပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက စတင်ခဲ့တဲ့ ငဝန်မြစ်ရေကြီးမှုနဲ့ ရေကာတာကျိုး ပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်အပြင် အနီးဝန်းကျင်က ငါးသိုင်းချောင်း၊ ရေကြည်နဲ့ ကျုံပျော် မြို့နယ်တွေအထိ ရေလွှမ်းမိုးမှုဧရိယာ ကျယ်ပြန့်ခဲ့ပြီး ဒေသတွင်း မိုးစပါးစိုက်ဧက သောင်းနဲ့ ချီ ရေနစ်မြုပ် ပျက်စီးခဲ့ရပါတယ်။ 

ဒါ့အပြင် ကျေးရွာပေါင်း ဒါဇင်နဲ့ချီက ဒေသခံသောင်းနဲ့ချီဟာ ရေဘေးလွတ်ရာ ယာယီ ကယ်ဆယ်ရေးစခန်းတွေနဲ့ ကုန်းမြင့်ပိုင်းတွေမှာ တလကျော်ကြာတဲ့အထိ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013