DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် ရန်ကုန်ရောက်နေချိန် ပြည်လမ်းမတလျှောက် လုံခြုံရေးတင်းကျပ်
DVB
·
December 25, 2024
စစ်ခေါင်းဆောင် ရန်ကုန်ရောက်နေချိန် ပြည်လမ်းမတလျှောက် လုံခြုံရေးတင်းကျပ်
Donate to DVB

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန် ရောက်နေချိန် ပြည်လမ်းမတလျှောက် လုံခြုံရေးအင်အား အများအပြားချထားတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၂၄ ရက်က ရွှေတိဂုံဘုရားအနောက်ဘက်မုခ်နဲ့ ပြည်သူ့ရင်ပြင်ကို ဖောက်လုပ်ထားတဲ့ မြေအောက်ဥမင်လမ်းဖွင့်ပွဲကို တက်ရောက်ဖို့ ရောက်ရှိလာတာကြောင့် ပြည်လမ်းမတလျှောက်ရှိ ဓာတ်တိုင်တွေမှာ နိုင်ငံတော်အလံတွေကို ချိတ်ဆွဲထားသလို အင်းလျား၊ တက္ကသိုလ်ရိပ်သာလမ်းတို့မှာလည်း စစ်တပ်နဲ့ရဲ အင်အားအများအပြားချကာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“ပါရမီလမ်းက ပါရမီအိမ်ရာနား၊ အင်းလျားကန်ဘောင်၊ တက္ကသိုလ်ရိပ်သာလမ်း မီးပွိုင့်တွေမှာ စစ်သားနဲ့ရဲတွေ ချထားတာ။ ပြည်လမ်းက ဓာတ်တိုင်တွေမှာလည်း နိုင်ငံတော်အလံတွေကို ချိတ်ထားတယ်။ ဘာအခမ်းအနားရှိလို့ အလံတွေ ချိတ်ထားတာလဲလို့ ပြည်လမ်းက ယာဉ်ထိန်းတွေ မေးကြည့်တော့ စစ်ခေါင်းဆောင် ရောက်နေလို့ လို့ပြောတယ်” လို့ အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့က ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှာ ရေတပ် နှစ်ပတ်လည်ပွဲ အခမ်းအနားနှဲ့အတူ ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်းမှာ ဈေးရောင်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပမှာကြောင့် လုံခြုံရေးတင်းကျပ်ထားတာလည်း ရှိတယ်လို့ သန်လျင်မြို့ခံတယောက်က ပြောပါတယ်။

“သန်လျင်မှာ ရှိနေတုန်းပဲလားဆိုတာတာ့ မသိဘူးဗျ။ စစ်သားနဲ့ရဲတွေတော့ လုံခြုံရေး ကင်းလှည့်တာတွေ လုပ်နေတုန်းပဲ။ ဆိုင်ကယ်တွေ၊ ဘေးတွဲတွေ ဒီနေ့အထိ လမ်းပေါ်တက်လို့မရသေးဘူး။” 

ဒါ့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းမှာလည်း ခါတိုင်းထက် လုံခြုံရေး တင်းကျပ်စွာချထားပြီး ခရီးသွားပြည်သူတွေနဲ့ အငှားယာဉ်တွေကိုလည်း ပိုမိုတင်းကျပ်စွာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013