
တူရကီအာဏာပိုင်တွေဟာ ဒီဇင်ဘာ ၂၁ ရက်က နိုင်ငံအတွင်း မှောင်ခိုကူးဖို့ ကြိုးပမ်းနေတဲ့ ဂေါ်ရီလာပေါက်စလေးတကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မျိုးသုဉ်းလုနီးပါး မျိုးစိတ်တွေလို့ ဝန်ကြီးဌာနက ပြောထားတဲ့ ဂေါ်ရီလာ ပေါက်စလေးဟာ နိုင်ဂျီးရီးယားကနေ တူရကီနိုင်ငံကို လေယာဉ်စီး ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်ပန်းတိုင်ကို ဘန်ကောက်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
အကောက်ခွန် အာဏာပိုင်တွေဟာ အဲဒီသေတ္တာကို ခြေရာခံရှာဖွေခဲ့ရာက အတွင်းမှာ ဂေါ်ရီလာ ပေါက်စလေးကို တွေ့ရှိခဲ့တာပါ။
အဲဒီနောက် ဂေါ်ရီလာလေးကို အမျိုးသားဥယျာဉ် အာဏာပိုင်တွေဆီ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
စိုက်ပျိုးရေးဝန်ကြီးဌာနဟာ ဂေါ်ရီလာလေးကို ပြန်လည်ထူထောင်ရေးနဲ့ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဂေါ်ရီလာလေးရဲ့ ကျန်းမာရေး ပိုမိုကောင်းမွန်လာပြီး သူ့ကို ကြီးကြပ်မှုအောက်မှာပဲ ထားရှိမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။
Source : Reuters










