DVB Logo
Home
နိုင်ငံတကာ
COP 31 ညီလာခံကို တူရကီနိုင်ငံတွင် လက်ခံကျင်းပမည်
DVB
·
November 8, 2026
COP 31 ညီလာခံကို တူရကီနိုင်ငံတွင် လက်ခံကျင်းပမည်
Donate to DVB

တူရကီနိုင်ငံ၊ အန်တာယာမြို့မှာ နိုဝင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ COP31 ရာသီဥတုဆိုင်ရာ ထိပ်သီး အစည်းအဝေးကို လက်ခံကျင်းပမှာဖြစ်ပြီး ဒီအစည်းအဝေးမှာ မီသိန်းဓာတ်ငွေ့ လျှော့ချရေးကို အဓိကဦးစားပေး ကဏ္ဍတခုအဖြစ် သတ်မှတ်ထားပါတယ်။

အစ္စတန်ဘူလ်မြို့ အနောက်ဘက် ကျေးလက်ဒေသတခုမှာ လူဦးရေ ၁၆ သန်းရှိတဲ့ မြို့ကြီးကနေ သိမ်းဆည်းလာတဲ့ အိမ်သုံးအမှိုက်တွေကို သယ်လာတဲ့ကုန်ကားတွေ တန်းစီစောင့်ဆိုင်း နေကြပါတယ်။

အမှိုက်တွေလာစွန့်ပစ်တဲ့ ပုပ်သိုးဆွေးမြည့်နေတဲ့ ဧရာမနေရာကနေ မီသိန်းဓာတ်ငွေ့တွေထွက် နေတာပါ။

ကာဗွန်ဒိုင်အောက်ဆိုဒ်ပြီးရင် ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့ အကြီးမားဆုံး အကြောင်းရင်းမှာ မီသိန်းဓာတ်ငွေ့ဖြစ်ပါတယ်။

မီသိန်းဓာတ်ငွေ့ဟာ လေထုထဲရောက်ပြီး ပထမဆုံး နှစ် ၂၀ ကာလအတွင်း CO2 ထက် အဆ ၈၀ ကျော် ပိုပြင်းထန်တဲ့ အာနိသင်ရှိပါတယ်။ 

ဒါကြောင့် မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချနိုင်ရင် ကမ္ဘာကြီးပူနွေးလာမှုကို အတော်အတန် သိသိသာသာ နှေးကွေးစေနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

တူရကီနိုင်ငံရဲ့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကဏ္ဍဟာ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုကို အမြန်လျှော့ချနိုင်မဲ့ အလားအလာတွေနဲ့ တချိန်တည်းမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကိုပါ ပုံဖော်ပြသနေပါတယ်။

အကျိုးအမြတ်မယူတဲ့ ရာသီဥတုဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှု စောင့်ကြည့်လေ့လာရေးအဖွဲ့ Climate TRACE ရဲ့ အချက်အလက်တွေအရ တူရကီနိုင်ငံဟာ တရုတ်၊ အမေရိကန်၊ ရုရှားနဲ့ ဘရာဇီးနိုင်ငံတို့ ပြီးရင် အစိုင်အခဲ စွန့်ပစ်ပစ္စည်းတွေကနေ မီသိန်းဓာတ်ငွေ့ အများဆုံး ထုတ်လွှတ်တဲ့ ကမ္ဘာ့နိုင်ငံများစာရင်းထဲမှာ ပဉ္စမနေရာမှာ ရှိနေပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013