
စစ်ကိုင်းတိုင်း၊ ယင်မင်းမာပင်ခရိုင်၊ ကနီမြိုနယ်အတွင်းက ယုန်မရတောတဲနေ ပြည်သူတယောက်ကို စက်တင်ဘာ ၂၀ ရက်မှာ စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံများနဲ့ တောလှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ယုန်မရတောတေနေပြည်သူတွေဟာ ကနီမြို့ရပ်ကွက် ၃ က ပြည်သူအများစု ဖြစ်ပြီး ကနီမြို့အတွင်းကနေ တောင်ယာလုပ်ငန်း လုပ်ကိုင်ရမှာ သွားရေးလာရေး အဆင်မပြေတာကြောင့် ယာခင်းမှာ တဲဆောက်ပြီး တောင်ယာနဲ့ လယ်လုပ်ငန်းကို လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
“ကနီမြို့အတွင်းကနေ မြို့အပြင်ကို ပတ်ကင်းထွက်လာပြီး မနေ့က ညနေပိုင်းက ဖမ်းပြီး သတ်ထားခဲ့ကြတာ။ အလောင်းက သူတို့ထွက်သွားပြီး ဒီနေ့ စက်တင်ဘာ ၂၁ ရက် မနက်ခင်းပိုင်းမှ တွေခဲ့ရတာ အသတ်ခံရသူ အမည်က ကိုသိန်းအောင်၊ အသက်က ခန့်မှန်း ၄၀ ကျော် ၅၀ ဝန်းကျင်ခန့်တော့ ရှိလိမ်မယ်ဗျ”လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
သေဆုံးသူ ကိုသိန်းအောင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးရိုက်နှက်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“ဒါက အကြောင်းမဲ့ကို လက်နက်အားကိုးပြီး အနိုင်ကျင့် သတ်ကြတာ။ အခု အသတ်ခံရသူက သူ့ရဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်တာကလွဲပြီး ဘာမှ စိတ်မဝင်စားဘူး။ အဲဒီလိုလူမျိုးကိုတောင် ဖမ်းသတ်တယ် ဆိုတော့ အတော်ရင်နာစရာကောင်းပါတယ်။ စစ်ကောင်စီတပ်ကိုတော့ ဒီတသက် လုံးဝ ရန်အကြွေးမကျေဘူး”လို့ ကနီဒေသတွင်း ကျောက်လုံးကြီးအဖွဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ကနီမြို့နယ်အတွင်း ကနီ-ချောင်းမလမ်းနဲ့ ချောင်းမ-ယာကြီး-ကလေး လမ်းပိုင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အား ၇၀၀ ကျော် ၈၀၀ နီးပါးနဲ့ မြေပြင် စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေပါတယ်။
အခုလိူ မြေပြင် စစ်ကြောင်း ထိုးရာမှာ တချို့ ကျေးရွာတွေမှာ ပြည်သူကို စည်းရုံးရေးအသွင်နဲ့ စည်းရုံးသိမ်းသွင်းတာတွေ ပြုလုပ်သလို၊ တချို့ ကျေးရွာတွေမှာ ပြည်သူကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်း ၂ ကြောင်းရန်ကြောင့် ကနီတောင်ခြမ်းက ချောင်းမရွာ၊ သင့်ဝင်ရွာ၊ အောင်မင်္ဂလာရွာ၊ မင်းမရွာ၊ သမင်ခြံရွာ၊ မုဋ္ဌေါရွာနဲ့ ယာကြီးရွာ၊ သင့်ငံရွာနဲ့ ပေါက်အင်းမြိုင် ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတာ ၆ လကျော် ၇ လနီးပါးခန့် ရှိနေပြီလည်း ဖြစ်ပါတယ်။











