DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တရားမဝင်ငွေလဲသူများ ရဲနှင့်ပေါင်းပြီး ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေ 
DVB
·
December 24, 2024
ရန်ကုန်တွင် တရားမဝင်ငွေလဲသူများ ရဲနှင့်ပေါင်းပြီး ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေ 
Donate to DVB

မြန်မာနိုင်ငံမှာ တရားမဝင်နိုင်ငံခြားငွေလဲလှယ်တာကို ခွင့်ပြုမထားပေမဲ့ ရန်ကုန်မှာတော့ တရားမဝင်ငွေလဲသူတွေက ရဲတွေနဲ့ပူးပေါင်းကာ ပေါ်ပေါ်ထင်ထင်လုပ်ကိုင်နေပြီး မြို့လယ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို အနှောင့်အယှက်ပေးနေတယ်လို့  မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကနေ တရားမဝင်ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ပြောဆိုပေမဲ့ ရန်ကုန်မှာတော့ တရားမဝင်ငွေလဲသူတွေက မြို့လယ်ကောင် နေရာတွေမှာ အာဏာပိုင် ရဲတွေ၊ နယ်ထိန်းတွေနဲ့ပေါင်းပြီး လမ်းသွားလမ်းလာတွေကို နှောင့်ယှက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

AD လိုင်စင်မရှိဘဲ လမ်းမတွေပေါ်မှာ ငွေသားတွေ ကိုင်ဆောင်ပြီး လမ်းသွားလမ်းလာတွေကို ငွေလဲဖို့ ခေါ်ယူညှိနှိုင်းတာတွေ လုပ်ကိုင်နေတယ်လို့ မျက်မြင်ကြုံခဲ့ရသူ ကျောက်တံတားမြို့နယ်နေပြည်သူ တယောက်က ပြောပါတယ်။

“ငွေလဲချင်တဲ့အခါ သူတို့ကလည်း ငွေလဲလို့ ရတယ်၊ ဘာညာဆိုတော့ တခါတည်း ခေါ်သွားတာ။ ကောင်မလေး ၃ ယောက်ဆို ပိုက်ဆံရောင်းမယ်ဆို ယူလာခဲ့ပေါ့၊ အဲမှာ သူတို့ပြတယ် ပြောတဲ့တန်ဖိုးအတိုင်း ကောင်မလေးတွေက မရောင်းတော့ဘူးလို့ ပြောလိုက်တဲ့အခါ ဘယ်ချိန်ကတည်းက ဘယ်လို ခေါ်ထားမှန်းမသိတဲ့ ရဲဆိုတဲ့သူတွေ ရောက်လာပြီးတော့ ဒီပိုက်ဆံက တရားဝင်ရောင်းလို့ မရဘူးလေဆိုပြီး ညှိပြီးတော့ ပေါင်းပြီးတော့ ရိုက်စားလုပ်နေတာ။ အဲဒီဆူးလေထိပ်မှာကို ပေါ်ပေါ်ထင်ထင် လုပ်နေတာ။ အဲဒါကိုလည်း ကျောက်တံတားရဲစခန်းက နယ်ထိန်းတွေ ရဲတွေက ပတ်သက်ပါဝင်နေတယ်။ ဒီလိုပဲ ပန်းဘဲတန်းဘက်မှာဆိုလည်း ပန်းဘဲတန်းရဲစခန်းက နယ်ထိန်းတွေလည်း ပါတယ်။”

တရားမဝင်ငွေလဲသူတွေက ဆူးလေဘုရားလမ်း၊ ပန်းဘဲတန်းလမ်းမပေါ်တွေမှာ ပုံမှန်ရှိနေတတ်ပြီး အဖွဲ့လိုက် လုပ်ဆောင်ကာ နိုင်ငံခြားငွေကြေးတွေကို ယူဆောင်သွားတာ၊ ပြန်မလာတာ၊ ရဲစခန်းကို တိုင်တန်းတဲ့အခါ အမှုမဖွင့်ပေးတာမျိုး တွေလည်း ရှိတယ်လို့ သိရပါတယ်။

လမ်းသွားလမ်းလာတွေကို ငွေလဲဖို့ မေးမြန်းနေသူတွေကို အုပ်စုလိုက် မကြာခဏ တွေ့ရတတ်တယ်လို့ ခရီးသွားတယောက်ကလည်း ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာတကြိမ်၊ မေလမှာတကြိမ် တရားဝင်ငွေလဲ လုပ်ငန်းလုပ်ကိုင်သူ မဟုတ်ဘဲ နိုင်ငံခြားငွေအရောင်းအဝယ် ပြုလုပ်နေသူတွေကို စစ်ဆေးအရေးယူကာ ထောင်ချပြီး လုပ်ငန်းပိတ်သိမ်းတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

အခုလို လမ်းသွားလမ်းလာတွေကို အတင်းဆွဲဆောင်ပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတွေက ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့မညီကြောင်း တရားဝင်ငွေလဲလုပ်ငန်းနဲ့ နီးစပ်သူက ပြောပါတယ်။

“နိုင်ငံခြားငွေ လဲလှယ်ခြင်း ကိုင်ဆောင်ခြင်းတွေနဲ့ပတ်သက်ပြီးတော့ ဗဟိုဘဏ်က ချမှတ်ထားတဲ့ ဥပဒေတွေအရဆိုရင် ဒါဟာ တရားမဝင်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားနေတာပဲ၊ တကယ်လိုင်စင် ရှိပါတယ်ဆိုတဲ့ ဆိုင်တွေကိုကျတော့ ပိတ်သိမ်းတယ်၊ ဒေါ်လာတွေကို အပြင်တွေ ဖောင်းပွနေတယ်၊ အရမ်းတွေ ဆိုးနေပါတယ်ဆိုပြီး လုပ်တယ်။ တကယ်ဆို ဗဟိုဘဏ်ဥပဒေနဲ့လည်း မညီသလို ရာဇသတ်ကြီး ဥပဒေပုဒ်မအရနဲ့လည်း လိမ်လည်မှုမြောက်တာပဲလေ။”

ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း၊ နိုင်ငံခြားငွေကစားသူတွေနဲ့ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူတွေက တရားဝင် လိုင်စင်မရှိတဲ့အတွက်နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနဲ့ အရေးယူမယ်လို့  စစ်ကောင်စီက မေ၂၄ ရက်က နောက်ဆုံး ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013