DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် အခြေအနေပိုဆိုးလာ၊ နေရပ်စွန့်ခွာထွက်ပြေးရသူ ၅၇၀,၀၀၀ ခန့်ထိ မြင့်တက်
DVB
·
December 24, 2024
ရခိုင်ပြည်နယ် အခြေအနေပိုဆိုးလာ၊ နေရပ်စွန့်ခွာထွက်ပြေးရသူ ၅၇၀,၀၀၀ ခန့်ထိ မြင့်တက်
Donate to DVB

ရခိုင်ပြည်နယ်ထဲက အခြေအနေတွေဟာ ပိုမိုပြီးတော့ ဆိုးရွားလာသလို ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၅၇၀,၀၀၀ နီးပါးထိ ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

ဒါဟာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) တို့ကြား စစ်ရေးပဋိပက္ခနဲ့ တိုက်ပွဲတွေ အရှိန်အဟုန်မြင့် ပြင်းထန်လာတာကြောင့်ဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ကာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ ပြည်နယ်တွင်း ဝင်ရောက်ခွင့်တွေကို ကန့်သတ်ထားတာတွေ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြို့နယ်ပေါင်း ၁၆ မြို့နယ်ထိ ရှိလာနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မိတ်ဖက်အဖွဲ့တွေရဲ့ အဆိုအရ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွေမှာ ခန့်မှန်းခြေဒေသခံ ၃၆၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက ပြင်းထန်တဲ့ တိုက်ပွဲနဲ့ ပဋိပက္ခကနေ အနောက်မြောက်နဲ့ အရှေ့တောင်ဘက် အပါအဝင် မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အများအပြားမှာ ပျံ့နှံ့နေပြီး လူပေါင်း ၃ သန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ ဒါက ပြီးခဲ့တဲ့ တနှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁ သန်းခွဲလောက် သိသိသာသာ တိုးလာခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအောက်မှာ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့၊ အရပ်သားတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားတွေနဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေကို အကာအကွယ်ပေးဖို့နဲ့ ဒေသတွင်း အကန့်အသတ်မဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်ရေးရရှိရေးတို့ကို အာမခံပေးဖို့ ကုလသမဂ္ဂက ထပ်မံတောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013