DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၁၁ လအတွင်း ယာဉ်မတော်တဆမှုကြောင့် ၈၇ ဦးသေဆုံး
DVB
·
December 23, 2024
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၁၁ လအတွင်း ယာဉ်မတော်တဆမှုကြောင့် ၈၇ ဦးသေဆုံး
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ၁၁ လအတွင်း ယာဉ်မတော်တဆမှုကြောင့်လူ ၈၇ ယောက်အထိ သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူဆီက သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အထိ ၁၁ လတာကာလအတွင်း ယာဉ်မတော်တဆမှု ၁၈၉ မှုဖြစ်ပွားခဲ့ကာ ယာဉ်မတော်တဆမှုတွေကြောင့် အမျိုးသား ၂ဝ၇ ယောက်၊ အမျိုးသမီး ၁၃၁ ယောက် စုစုပါင်း ၃၃၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား အယောက် ၆၀ နဲ့ အမျိုးသမီး ၂၇ ယောက် စုစုပေါင်း ၈၇ ယောက်အထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူက “ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု ဖြစ်စဉ်အများစုက ယာဉ်မောင်းမကျွမ်းကျင်မှုနဲ့ မဆင်မခြင် အရှိန်ပြင်း မောင်းမှုများကြောင့် ဖြစ်ရတာများပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၁ လတာကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျှောက် ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေဟာ ဇန်နဝါရီလမှာ ၁၈ မှု၊ ဖေဖော်ဝါရီလမှာ ၁၂ မှု၊ မတ်လမှာ ၁၄ မှု၊ ဧပြီလမှာ ၁၅ မှု၊ မေလမှာ ၂၁ မှု၊ ဇွန်လမှာ ၁၉ မှု၊ ဇူလိုင်လမှာ ၁၆ မှု၊ ဩဂုတ်လမှာ ၁၃ မှု၊ စက်တင်ဘာလမှာ ၂၃ မှု၊ အောက်တိုဘာလမှာ ၂၃ မှုနဲ့ နိုဝင်ဘာလမှာ ၁၅ မှု စုစုပေါင်း ၁၈၉ မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျှောက်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေဖို့ သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်တဲ့ မော်တော်ယာဉ်တွေကို အရှိန်နှုန်းတိုင်းတာစက်တွေနဲ့ တိုင်းတာစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013