DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေးလာသည့် ရိုဟင်ဂျာ ၆၀,၀၀၀ ခန့်ရှိလာ
DVB
·
December 23, 2024
ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေးလာသည့် ရိုဟင်ဂျာ ၆၀,၀၀၀ ခန့်ရှိလာ
Donate to DVB

မြန်မာအာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) တို့ကြား ပဋိပက္ခနဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ကြားကပဲ ပြီးခဲ့တဲ့ နှစ်လအတွင်း ရိုဟင်ဂျာ ၆၀,၀၀၀ ထက်မနည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထပ်မံဝင်ရောက်လာတယ်လို့ Anadolu Agency သတင်းမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နိုင်ငံအရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်ထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်း ကျော်ကို လက်ခံထားတာဖြစ်ကာ သူတို့ထဲက အများစုဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာကြရသူတွေ ဖြစ်ပါတယ်။

နိုင်ငံတွင်း ရိုဟင်ဂျာတွေ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားပေမဲ့ နယ်စပ်ဖြတ်ကျော်ရာမှာ လူတချို့က ငွေကြေးရယူကူညီကာ အကျင့်ပျက် ခြစားမှုတွေ ရှိနေတာကြောင့် ရိုဟင်ဂျာတွေ စိမ့်ဝင်မှုကို ချောမွေ့စေခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ် မိုဟာမက်တူဟစ်ဆင်က “ကျနော်တို့ရဲ့ မူအရကတော့ ရိုဟင်ဂျာတွေကို နောက်ထပ် ၀င်ခွင့်မပေးဘူး။ ဒါပေမဲ့ တခါတရံ အခြေအနေက ကျနော်တို့ ဘာမှလုပ်လို့မရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ ဒီလိုအခြေအနေမျိုးမှာ ရိုဟင်ဂျာ ၆၀၀၀၀ ကို ဝင်ခွင့်ပြုခဲ့တယ်။ ကျနော်တို့က သူတို့ကို တရားဝင်ခွင့်ပြုလိုက်တာ မဟုတ်ဘူး၊ သူတို့က လမ်းကြောင်းအမျိုးမျိုးကနေ ဝင်လာခဲ့တာ” လို့ ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေ နောက်ထပ် အလုံးအရင်းနဲ့ ဝင်ရောက်လာမှာ မဟုတ်ဘူးလို့ ယုံကြည်ပေမဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ ဒါကို ရပ်တန့်ဖို့ အစီအစဉ်တွေ လုပ်ဆောင်ရမယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ် မိုဟာမက်တူဟစ်ဟိုဆင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အိမ်နီးချင်း ၆ နိုင်ငံဆွေးနွေးပွဲကို တက်ရောက်ခဲ့သလို ဒီအစည်းအဝေးကို မြန်မာစစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့လည်း တက်ရောက်ခဲ့ကြတာပါ။

အစည်းအဝေးမှာတော့ နိုင်ငံတွေအားလုံးက မြန်မာ့အရေးအပေါ် သက်ဆိုင်တဲ့ အစုအဖွဲ့တွေ အားလုံးပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးမှုနဲ့ ပြည်တွင်းရေးပြသနာတွေကို ဖြေရှင်းဖို့ တောင်းဆိုခဲ့ကြပေမဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံဟာ အရင်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိနိုင်ခြေကို မမြင်တွေ့ရဘူးလို့လည်း သူက ပြောပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်စပ်တလျှောက် ရခိုင်ပြည်နယ်ထဲက နယ်မြေတွေ အားလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတာကြောင့် သူတို့နဲ့ တရားဝင် တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံမှုကို ကိုးကားပြီးတော့ မစ္စတာ ဟိုဆင်က မြန်မာနယ်စပ်(ရခိုင်ပြည်နယ်)က သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်စပ်ရခိုင်ပြည်နယ်က စစ်အုပ်စုထိန်းချုပ်မှု အောက်မှာ ရှိမနေတာကြောင့် သူတို့နဲ့ တရားဝင်တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်သေးသလို ဒါကို သူတို့ (မြန်မာအစိုးရ)က နယ်စပ်နဲ့ ရိုဟင်ဂျာပြဿနာတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့်ရမယ်လို့လည်း ဆိုပါတယ်။

Source: Anadolu Agency

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013