DVB Logo
Home
မြန်မာသတင်း
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်၊ စစ်အရာရှိ ၄ ဦး အပါအဝင် ၁၂ ဦး သေဆုံး 
DVB
·
December 23, 2024
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်၊ စစ်အရာရှိ ၄ ဦး အပါအဝင် ၁၂ ဦး သေဆုံး 
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ဒီဇင်ဘာ ၂၂ ရက် မနက်အစောပိုင်းက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်အရာရှိ ၄ ယောက် အပါအဝင် ၁၂ ယောက် သေဆုံးကာ မော်တော်ယာဥ်နဲ့ အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။

Brave Warriors for Myanmar (BWM) ရဲ့ ပြန်ကြားရေးတာဝန်ခံက “တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ထဲကို ၂၇ ခုမြောက် မစ်ရှင်အနေနဲ့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီ တပခ ဟာ ပဲခူးတိုင်း၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်းက ဒေသတွေနဲ့ ထိစပ်နေတဲ့ဒေသတွေက တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်နှိမ်နင်းဖို့ ကြိုးကိုင်နေတဲ့ စစ်ဌာနချုပ်ဖြစ်နေလို့ အခုလို တိုက်ခိုက်ခဲ့တာ”လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ Anti-Coup People’s Liberation Force – ACPLF နဲ့ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ ပူးပေါင်းပြီး ဗိဿနိုးပြည်သူ့ ကာကွယ်ရေးတပ်မတော် (တောင်တွင်းကြီး) အဖွဲ့ကတွေ အားဖြည့်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိဿနိုးပြည်သူကာကွယ်ရေးတပ်မတော် (တောင်တွင်းကြီး) ရဲ့ တပ်ရင်းမှူး တက်တူးက “ကျနော်တို့တွေက BWM အဖွဲ့က အခုမစ်ရှင်ကို လမ်းကြုံလို့ဝင်ပြီး ကူညီပေးခဲ့တဲ့သဘောပါ။ ၁၀၇ ရှော့တိုက် ၇ လုံးမှာ ၅ က ပစ်မှတ်ထဲကို ကျလို့ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဖရဲသီးဆီကနေ သတင်းပို့လာတယ်ဗျ”လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် တပခ စစ်ဦးစီးဌာန စစ်ဆင်ရေး ရုံးခန်းမီးလောင်ပြီး အရာရှိ ၂ ယောက် သေဆုံးသလို တပခ စခန်းရုံးကို ထိမှန်ပြီး စခန်းရုံး အရာရှိ ၂ ယောက်နဲ့ တခြား အဆင့်စစ်သား ၈ ယောက် သေဆုံးတယ်လို့ လည်း ဆက်ပြောပါတယ်။

ဒါ့အပြင် တပခအတွင်းက အရာရှိငယ်နေအိမ် ၂ လုံး ပြိုကျပျက်စီးပြီး အရာရှိလိုင်းခန်းမှာ နေကြသူတချို့ ထိခိုက်သေဆုံးမှုတွေရှိကာ အိမ်စီးကား ၂ စီးနဲ့ တပခ စစ်မှုထမ်းသုံး လန်းဂျန်းကား တစီးတို့ မီးလောင်ပျက်စီးသွားပါတယ်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသလို တပခ အတွင်းက ထိခိုက် သေဆုံးပျက်စီးမှုတွေအပေါ်  DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013