DVB Logo
Home
မြန်မာသတင်း
၁ လကျော်ကြာ ဖုန်းလိုင်းပြတ်တောက်နေသဖြင့် ရခိုင်ပြည်သူများ အခက်အခဲကြုံနေ
DVB
·
December 22, 2024
၁ လကျော်ကြာ ဖုန်းလိုင်းပြတ်တောက်နေသဖြင့် ရခိုင်ပြည်သူများ အခက်အခဲကြုံနေ
Donate to DVB

၁ လကျော်ကြာ ဖုန်းလိုင်းပြတ်တောက်နေတာကြောင့် ရခိုင်ပြည်နယ်မှာ ပြည်သူတွေဟာ အကျပ်အတည်း အခက်အခဲများစွာနဲ့ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ 

နိုဝင်ဘာ ၁၆ ရက်ကနေ ဒီဇင်ဘာ ၂၂ ရက်အထိ တပြည်နယ်လုံးနီးပါး ဖုန်းလိုင်း ပြတ်တောက်သွားတဲ့ အနေအထားနဲ့ ကြုံနေရတာကြောင့် ဒေသခံတွေမှာ အလုပ်အကိုင်နဲ့ စားဝတ်နေရေးအပိုင်းတွေမှာ ထိခိုက်မှုဖြစ်နေကြရတယ်လို့ ကျောက်တော်ဒေသခံတယောက်က ပြောပါတယ်။

“လူတွေက ရူးချင်သလိုလိုတောင်ဖြစ်နေကြပြီ။ အဆင်မပြေတာတွေက များတော့လေ။  ခံနေကြရတဲ့ ကာလကလည်း နည်းတော့တာမှ မဟုတ်တာကိုး။ ဒီကြားထဲ ဖုန်းလိုင်းကပါ ပြတ်နေတော့ ဒေသအနေအထားက ဘယ်လိုမှ အဆင်မပြေဘူး။ ဖုန်းလိုင်းမရတာက စီးပွားရေးမှာလည်း ထိတယ်။  လူမှုရေး၊ ကျန်းမာရေး ပြီးတော့ အဝေးရောက်မိသားစုဝင်ရဲ့ဝင်ငွေ မှီခိုနေရသူတွေဆို ပိုဆိုးတယ်။ သူတို့က စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်တာမျိုး ဖြစ်နေတယ်လေ။”

ရခိုင်မှာ အဝေးရောက်မိသားစုဝင်ရဲ့ ဝင်ငွေမှီခိုနေရသူတွေဟာ အများအပြားရှိပြီး ဒီလူတွေဟာ လက်ရှိကြုံနေရတဲ့ အခက်ခဲကြောင့် ပြည်နယ်အတွင်း ဆောင်နေရတဲ့ အခွန်တွေကို ရှောင်ရမယ့် အနေအထားဖြစ်နေပြီလို့ နိုင်ငံခြားဝင်ငွေမှီခိုနေရတဲ့ မြောက်ဦးမြို့နယ်က အမျိုးသမီးတယောက်က ပြောပါတယ်။ 

“မိသားစုတခုလုံးက မလေးရောက်နေတဲ့ သားလတ်ကို မှီခိုနေကြရတာ။ ဖုန်းလိုင်းက ပြီးခဲ့တဲ့လမကုန်ခင်က ပြတ်သွားတာဆိုတော့ အဲဒီလကလည်း ပိုက်ဆံမရောက်ခဲ့ဘူး။  အခုလမှာ ဖုန်းလိုင်းက မရသေးတော့ ရောက်နိုင်မယ့်အနေအထား မရှိတာ တွေ့ရတယ်။ အခြေနေအရ စားဝတ်နေရေးတောင် မနိုင်မနင်းဖြစ်နေတော့ လစဉ်ဆောင်နေရတဲ့ အခွန်တွေကို ဒီလတော့ ဆောင်နိုင်တော့မယ် မထင်ဘူး။” 

ရခိုင်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲ စတင်စဉ်ကစလို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက ဒေသအလိုက် တစတစ ဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ စစ်တွေမြို့နယ်ကလွဲရင် တပြည်နယ်လုံးနီးပါး ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ဒေသတွင်းမှာ နှစ်ဖက် တိုက်ပွဲတွေကတော့ မြို့နယ်အလိုက် ဆက်လက်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013