DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေး ယနေ့ စတင်
DVB
·
December 22, 2024
ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေး ယနေ့ စတင်
1 / 4
Donate to DVB

မင်းတပ်နဲ့ ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မှာ ကန်ပက်လက် မြို့သိမ်းစစ်ဆင်ရေးကို စတင်ပြီလို့ ချင်းညီနောင် သတင်း၊ မှတ်တမ်းနဲ့ ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အဖြစ် မြို့သိမ်းစစ်ဆင်ရေးစတင်လိုက်တာဖြစ်ပြီး စစ်ရေးအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ချင်းညီနောင်အနေနဲ့ မဟာမိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မင်းတပ်မြို့နဲ့ ဖလမ်းမြို့တို့ကို သိမ်းပိုက်နိုင်ရေး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာ အလုံးစုံသိမ်းပိုက်နိုင်ပြီလို့ သတင်းရင်းမြစ်တွေဆီက သိရပေမဲ့ တရားဝင် ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေတဲ့ မင်းတပ်ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်းနဲ့ ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ရာမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၁၂၃ ယောက်နဲ့အတူ သူတို့ရဲ့မိသားစုဝင်တွေလည်း လက်နက်ချအညံ့ခံခဲ့ကြခဲ့တယ်လို့ ချင်းညီနောင်က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးတော့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲ နေရာယူထားတဲ့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေ အုပ်ချုပ်ရေးရုံးနဲ့ ဆေးရုံကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၅ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၁၂ ရက်နေ့က လက်နက်ချ အညံ့ခံခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကလည်း လေကြောင်းကနေတိုက်ခိုက်သလို လက်နက်ကြီးတွေနဲ့လည်း အဆက်မပြတ်ပစ်ခတ်နေပြီး ချင်းညီနောင်အနေနဲ့ မင်းတပ်မြို့နဲ့ဖလမ်းမြို့တို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်တဲ့အထိ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013