DVB Logo
Home
မြန်မာသတင်း
အမ်းသို့ လာသည့်စစ်ကူများ ငဖဲတွင် တိုက်ခိုက်ခံရပြီး ၁၄ ဦး သေ
DVB
·
December 22, 2024
အမ်းသို့ လာသည့်စစ်ကူများ ငဖဲတွင် တိုက်ခိုက်ခံရပြီး ၁၄ ဦး သေ
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူလာတဲ့ ယာဉ်တန်းကို မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ကြားဖြတ်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ငဖဲမြို့နယ်မှာ ဒီဇင်ဘာ ၂၀ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ကြားဖြတ်ခိုက်ခဲ့လို့ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အများအပြားဒဏ်ရာရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ယောက် သေဆုံးတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) က ဒီဇင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်က အမ်းကို စစ်ကူပို့တဲ့ ရှေ့ပြေးစစ်ယာဉ်တန်းဖြစ်ပြီး ငဖဲမြို့နယ်ထဲက စပ်စီရွာနားက ဝက်စကျင်းလမ်းဆုံမှာ ကြားဖြတ်တိုက်ခဲ့တာလို့ လို့ ACDF ရဲဘော်တယောက်က ပြောပါတယ်။

ACDF ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေ က “သူတို့ စစ်ကူလမ်းကြောင်း လာမယ်ဆိုတာကို ကျနော်တို့ သတင်းကြိုရထားတာဖြစ်လို့ မနက်စောကတည်းက ကြိုစောင့်နေပြီး တိုက်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ တိုက်ခိုက်ခဲ့တာက သူတို့ဘက်က ရှေ့ပြေးကင်းထောက် စစ်ယာဉ်တန်းကိုပါ။ အင်အားကတော့ ၃၀ ကျော်ပါမယ်ဗျ။ တိုက်ပွဲဖြစ်နေချိန်မှာ သူတို့ တပ်စွဲထားတဲ့ ရန်အောင်မြေဘုရားကုန်းကနေပြီးတော့လည်း ၆၀ မမ တွေနဲ့ ပစ်ကူပေးတယ်။ ပြီးတော့ စပ်စီဘုန်းကြီးကျောင်းမှာ ကပစ က ကောင်တွေကကလည်း ကား ၄ စီးနဲ့ စစ်ကူလာကြတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကို သူတို့စစ်ကူက နှစ်ဖက် ညှပ်လာသလို ဖြစ်တော့ ကျနော်တို့လည်း လက်နက်ကောက်ချိန်မရတော့ဘဲ ပြန်ဆုတ်လာခဲ့ရတာပါ” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ACDF ဘက်က ရဲဘော်တယောက် မစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ယောက်အပါအဝင် တပ်ဖွဲ့ဝင် ၁၂ ယောက်ကို ACDF က အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013