DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် လျှပ်စစ်မီးပျက်ချိန်များပြီး လာချိန်မမှန်သဖြင့် ပြည်သူများဒုက္ခရောက်
DVB
·
December 21, 2024
တောင်ကြီးတွင် လျှပ်စစ်မီးပျက်ချိန်များပြီး လာချိန်မမှန်သဖြင့် ပြည်သူများဒုက္ခရောက်
Donate to DVB

ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမှာ နိုဝင်ဘာလဒုတိယအပတ်ကစပြီး လျှပ်စစ်မီးပေးတာ လျော့နည်းလာတဲ့အပြင် အခုဒီဇင်ဘာလထဲမှာတော့ တရက်ကို ၄ နာရီတောင်မီးမရတော့ဘဲ အခက်တွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “မီးက အခုပဲလာတယ်၊ ချက်ချင်းပြန်ပြတ်သွားတယ်။ ခဏနေရင် ပြန်လာရင်လာတယ်။ တခါတလေကျတော့လည်း တနေကုန်မီးမလာသေးလို့ ညဘက်လာမယ် မှန်းထားပေမယ့်လည်း တနေကုန်မလာရင်လည်း မလာဘူး။ မီးက မှန်းလို့မရတာပိုဆိုးတာ။ မီးလာချိန်ဘာလုပ်မယ်ဆိုပြီး ပြင်ထားလို့ရတယ်။ ခုက မရဘူး။ လာရင်လည်း လာမယ်၊ မလာချင်လည်းမလာဘူး အဲလိုမျိုးတွေဖြစ်နေတာ” လို့ ပြောပါတယ်။

မီးလာချိန်ကလည်းမမှန်ဘဲ မီးလာချိန်မှာထမင်းအိုးတည်ပြီး ထမင်းအိုးတောင်မကျက်သေးတဲ့အချိန်မှာ မီးပြန်ပျက်တဲ့အတွက် နေ့စဉ်ဘဝမှာ အဆင်မပြေတာတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

လျှပ်စစ်မီးနဲ့ လုပ်ငန်းလည်ပတ်ရတဲ့ အသေးစားလုပ်ငန်းတွေဟာလည်း မီးစက်ကိုပဲ အားကိုးနေရတာဖြစ်လို့ ကုန်ကျစရိတ်တွေများပြီး အလုပ်ဝန်ပိုပိတာတွေလည်းရှိလာပါတယ်။

အသေးစားဆီဆိုင်ဖွင့်ထားသူတယောက်က “ဈေးသမားတွေ အရောင်းဝယ်သမားတွေကကျတော့ မီးစက်တွေနှိုးရတာပေါ့၊ ဈေးဝယ်ကမလာသေးဘူး မီးစက်က နှိုးထားရမှာလား။ အမြဲနှိုးထားတော့လည်းမဟုတ်သေးဘူး။ မီးစက်ခဏခဏနှိုးနေရတော့လည်း ဒုက္ခရောက်တာပေါ့။ လုပ်ငန်းရှင်တွေလည်းစိတ်ညစ်ရတာပေါ့နော်” လို့ ပြောပါတယ်။

မီးစက်သုံးဖို့အဆင်မပြေတဲ့ အိမ်တွေကတော့ မီးလာချိန်ကို အားကိုးရတာဖြစ်လို့ ထမင်းအိုးတည်ရင်း ပျက်သွားတာတွေ၊ မီးသွေး၊ ဂတ်စ်အသုံးပြုရလို့ ကုန်ကျစရိတ်ပိုလာပြီး မီးမမှန်တာကြောင့် ဖုန်းလိုင်းတွေလည်း မကောင်းဘူးလို့ ပြောပါတယ်။

မြို့စွန်က ရပ်ကွက်တချို့မှာတော့ မီတာမဖတ်ဘဲ မီတာစာရွက်မှာ ခန့်မှန်းရေးတာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013