DVB Logo
Home
နိုင်ငံတကာ
အစွန်းရောက် ဂျူးဘာသာရေးဂိုဏ်းမှ ကလေး ၁၆၀ ကို ဂွါတီမာလာ အာဏာပိုင်များ ကယ်တင်
DVB
·
December 21, 2024
အစွန်းရောက် ဂျူးဘာသာရေးဂိုဏ်းမှ ကလေး ၁၆၀ ကို ဂွါတီမာလာ အာဏာပိုင်များ ကယ်တင်
Donate to DVB

ဂွါတီမာလာအာဏာပိုင်တွေဟာ မုဒိမ်းမှု၊ လူကုန်ကူးမှု အပါအဝင် တခြားအလွဲသုံးစားလုပ်မှု တိုင်ကြား စွပ်စွဲချက်တွေကို လက်ခံရရှိအပြီးမှာ ဒီဇင်ဘာလ ၂၀ ရက်က အစွန်းရောက် ဘာသာရေးဂိုဏ်းတခုဖြစ်တဲ့ လက်ဗ်တာဟော်ရ် ဂျူး အသိုက်အဝန်းပိုင် ဝင်းခြံတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ကလေးသူငယ်နဲ့ ဆယ်ကျော်သက် အယောက် ၁၆၀ လောက်ကို ကယ်တင်ခဲ့ပါတယ်။ 

အစိုးရရှေ့နေတွေ၊ ရဲတပ်ဖွဲ့နဲ့ တခြားတာဝန်ရှိသူတွေ ပါဝင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ နို၀င်ဘာလတုန်းက အဲဒီအသိုက်အဝန်းကနေ ထွက်ပြေး လွတ်မြောက်လာကြတဲ့ အရွယ်မရောက်သေးသူ ၄ ဦးရဲ့ တိုင်ကြားချက်တွေကို တုံ့ပြန်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ 

အစိုးရရှေ့နေ ဒီမာ့စ် ဟီမန်နက်ဇ်က အထောက်အထားတွေဟာ လူကုန်ကူးမှု၊ အတင်းအဓမ္မ လက်ထပ်မှုနဲ့ အရွယ်မရောက်သေးသူတွေအပေါ် သက်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေရှိကြောင်း ပြနေတယ်လို့ ပြောပါတယ်။ 

“အာဏာပိုင်တွေဟာ လူကုန်ကူးမှုနဲ့ အထူးသဖြင့် အတင်းအကျပ် ကိုယ်ဝန်ဆောင်ခိုင်းခြင်း၊ ကလေးသူငယ် ခေါင်းပုံဖြတ်မှု၊ အရွယ်မရောက်သေးသူတွေကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ မုဒိမ်းမှု တို့လို တခြား ရာဇ၀တ်ပြစ်မှုတွေနဲ့ စွဲချက်တင်ဖို့ စဉ်းစားနေတယ်။”

ဒီရာဇ၀တ်မှုတွေကိုလည်း လက်ဗ်တာဟော်ရ် အသိုက်အဝန်းနဲ့ သက်ဆိုင်တဲ့ အရွယ်မရောက်သေးသူတွေကို အဲဒီအသိုက်အဝန်းရဲ့ အဖွဲ့ဝင်တယောက်က ကျူးလွန်ခဲ့တာ လို့ သံသယရှိကြောင်းလည်း ရှေ့နေ ဟီမန်နက်ဇ်က ပြောပါတယ်။ 

အရာရှိတွေဟာ အခင်းဖြစ်တဲ့နေရာမှာ ရုပ်အလောင်းတွေ မြှုပ်နှံထားတာကိုလည်း တွေ့ရှိခဲ့ရကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးအစိုးရရှေ့နေ နန်စီ လိုရီနာ ပေ့ဇ် ဂါစီယာ က ပြောပါတယ်။ 

ဒီဘာသာရေးဂိုဏ်းဟာ ဒေသ သုသာန်တွေကို အသုံးပြုကြောင်း ဘာအချက်အလက်မှ မတွေ့ရှိရကြောင်း၊ အရွယ်မရောက်သေးသူတွေ သေဆုံးမှု ဖြစ်နိုင်ခြေရှိတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ လိုအပ်ကြောင်းလည်း အာဏာပိုင်တွေက ဆိုပါတယ်။

အစွန်းရောက် ဘာသာရေးခြံကို စီးနင်းရာမှာ လူ အယောက် ၂၀၀ ကျော်လောက်ကို ထိန်းသိမ်းခဲ့ပြီးတော့ ကလေးတွေအားလုံးကို ရှေ့နေရုံးမှာ ထားရှိပြီးတော့ လူကြီး ၇၀ - ၈၀ လောက်ထဲက အမျိုးသားတွေကို ဆန်တာ ရိုစာ မှာ ထားရှိတယ်လို့ လက်ဗ် တာဟော်ရ် အစွန်းရောက် ဂျူးအသိုက်အဝန်းအဖွဲ့ဝင် နစ်ဆန်း တူးဖိုက်အေ က ပြောပါတယ်။ 

အစ္စရေးမှာ ၁၉၈၈ ခုက စတင်တည်ထောင်ခဲ့တဲ့ လက်ဗ် တာဟော်ရ် အဖွဲ့အစည်းဟာ ဂျူးဘာသာရဲ့ အခြေခံဝါဒီ ပုံစံကို ကျင့်သုံးတာဖြစ်ပြီး ၂၀၁၄ နဲ့ ၂၀၁၇ ခုနှစ်အကြား ဂွါတီမာလာမှာ အခြေချခဲ့တာပါ။ 

အမေရိကန် အမိမြေလုံခြုံရေးဌာနမှ ပံ့ပိုးတဲ့ ဒီစုံစမ်းစစ်ဆေးမှုဟာ ဂွါတီမာလာစီးတီး အရှေ့တောင်ဘက်ရှိ အိုရာတိုရီယို မြို့မှာ ကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို ရှာဖွေဖို့ ရည်ရွယ်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013