DVB Logo
Home
မြန်မာသတင်း
ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်အတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာများ လေယာဉ်ဖြင့်ထောက်ပံ့
DVB
·
December 21, 2024
ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်အတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာများ လေယာဉ်ဖြင့်ထောက်ပံ့
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်တွေအတွက် လိုအပ်နေတဲ့ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ဒီဇင်ဘာ ၁၉ ရက် ညနေ ၃ နာရီလောက်မှာ လေယာဉ်နဲ့ ထောက်ပံ့ပေးသွားတယ်လို့ ဒေသခံတွေထံက သိရတယ်။

ထီးလင်းမြို့ဟာ ချင်းပြည်နယ်နဲ့ ထိစပ်နေပြီး မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းမှာတည်ရှိတာ ဖြစ်ပြီး PDF တွေက   ရိက္ခာလမ်းကြောင်းဖြတ်ထားတာ ၆ လလောက်ရှိပြီဖြစ်လို့ စစ်ကောင်စီ တပ်တွေ ရိက္ခာပြတ်လပ်လာတာဖြစ်ပါတယ်။

မျက်မြင်သက်သေ ဒေသခံထီးလင်း PDF တယောက်က “ ၂ ရက်ကို လာချတာဗျာ။ လေယာဉ်က တောင်ပံကလည်း အကြီးကြီးပဲ။ ငမန်းကြီးလိုပဲ။ ပထမကတော့ လေယာဉ်နဲ့ ဗုံးလာကြဲချတာလားလို့ ထင်နေတာ။ နောက်ပိုင်းတော့ လေယာဉ်ပေါ်ကနေ  အထုပ်တွေကြဲချသွားတာ”လို့ ပြောပါတယ်။

ထီးလင်းမြို့ကို PDF တပ်တွေက ရိက္ခာလမ်းကြောင်း ဖြတ်တောက်ထားတာ ၆ လကျော်ရှိနေပြီး ထီးလင်းမြို့တွင်းက စစ်ကောင်စီတပ်တွေ အလင်းဝင်ရောက်သူတွေ အများအပြား ရှိလာတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

ထီးလင်း PDF ခေါင်းဆောင်တယောက်က “သူတို့ရိက္ခာပျက်နေပြီဗျ။ သူတို့ ဟိုတလောက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ထံ ငွေကျပ် သိန်း ၁၀၀၊ သေနတ် ၂ လက်။ ကျည် ၁၅၀၀နဲ့ အလင်းဝင်တာရှိတယ်။ အလင်းဝင်တဲ့သူတွေ ပြောပြချက်အရကတော့ အတွင်းထဲမှာ ရိက္ခာပြတ်နေပြီဆိုတာသိထားရတယ်လေ။ အဲလိုရိက္ခာပြတ်နေလို့ အခုလိုလေယာဉ်နဲ့ ရိက္ခာချတာ ဖြစ်မယ်။ ဒီနေ့လည်း ယောဒေသ ဆောမြို့နယ်၊ ကျောက်ထု ၃၆၈ အမြောက်တပ်ထဲကို Y - 8 နဲ့ ၃ ပတ်ပတ်ကာ လေထီးနဲ့ အထုပ်တွေချပေးခဲ့တယ်လို့ ကျနော်တို့မဟာမိတ်အဖွဲ့တွေထံက သိထားရတယ်။ စစ်တပ်ကတော့ တပ်ပျက်နေပြီ” လို့ ပြောပါတယ်။

ထီးလင်းမြို့နယ် ဒေသခံပြည်သူတွေကတော့  မိုးကုန်ပြီး မိုးစပါးရိတ်သိမ်းချိန်ဖြစ်နေတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေကြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013