DVB Logo
Home
နိုင်ငံတကာ
ဘယ်လ်ဂျီယံတွင် တခါသုံး Vape ရောင်းချမှု ပိတ်ပင်
DVB
·
December 20, 2024
ဘယ်လ်ဂျီယံတွင် တခါသုံး Vape ရောင်းချမှု ပိတ်ပင်
Donate to DVB

ဘယ်လ်ဂျီယံနိုင်ငံဟာ လာမယ့် ဇန်နဝါရီ ၁ ရက်မှာ တခါသုံး Vape ရောင်းချမှုကို ပိတ်ပင်မှာ ဖြစ်ပါတယ်။

ဥရောပရဲ့ ပထမဆုံး Vape ရောင်းချခွင့်ပိတ်ပင်တဲ့နိုင်ငံ ဖြစ်လာမယ့် ဘယ်လ်ဂျီယံဟာ ကလေးတွေနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုအတွက် Vape ရောင်းချခွင့် စတင်ပိတ်ပင်မှာ ဖြစ်ပါတယ်။

အစိုးရရဲ့ အချက်အလက်တွေအရ လူငယ်အများစုရဲ့ အီးစီးကရက်သောက်သုံးတဲ့ အလေ့အထဟာ ပုံမှန် စီးကရက်သောက်မှုထက် ပိုများလာတယ်လို့ ဖော်ပြပါတယ်။

ဘယ်လ်ဂျီယံ ကျန်းမာရေးဝန်ကြီးက  “တခါသုံး အီးစီးကရက်တွေက လူငယ်တွေကို စွဲဆောင်ဖို့ ဒီဇိုင်းမျိုးစုံ ထုတ်ထားပါတယ်။ ဆေးလိပ်လုံးဝမသောက်တဲ့သူတွေကိုတောင် စွဲဆောင်နိုင်ပါတယ်။ အီးစီးကရက်တွေက မျိုးဆက်သစ်တွေ ဆေးလိပ်သောက်သုံးဖို့ စွဲဆောင်နိုင်ပါတယ်” လို့ ပြောပါတယ်။

Vape သောက်တာကို လက်ခံတဲ့သူတွေကတော့ အီးစီးကရက်တွေဟာ ပုံမှန်ဆေးလိပ်တွေ သောက်သုံးမှုကို လျှော့ချ ဖြတ်တောက်နိုင်အောင် အကူအညီပေးတယ်လို့ သူတို့အမြင်ကို ပြောထားပါတယ်။

ဒါပေမဲ့ ကျန်းမာရေးအဖွဲ့က ဒီဇိုင်းမျိုးစုံ၊ အသီးအနှံမျိုးစုံတွေက လူငယ်တွေသာမက ကလေးတွေကိုပါ စွဲဆောင်နိုင်တာကို စိုးရိမ်မိကြောင်း ဆိုထားပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာ အသက် ၁၈ နှစ်အောက်တွေကို Vape ရောင်းချတာက တရားမဝင်လုပ်ရပ်တခု ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသက် ၁၁ နှစ်ကနေ ၁၈ နှစ်အထိ Vape သုံးစွဲသူအရေအတွက် ၂၀,၀၀၀ ရှိကြောင်းနဲ့ ၂၀၁၈ ခုနှစ်ကထက် သုံးစွဲသူ ၁၂ ရာခိုင်နှုန်း ပိုများကြောင်း ထုတ်ပြန်ထားပါတယ်။

ဘယ်လ်ဂျီယံရဲ့ လူငယ်ဆယ်ကျော်သက်တွေကလည်း Vape သောက်တဲ့နေရာမှာ တစါသုံး အမျိုးအစားကို ပိုပြီး ကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။

ဘယ်လ်ဂျီယံလိုပဲ ပြင်သစ်နဲ့ ဂျာမနီမှာလည်း တခါသုံး Vape တွေ ပိတ်ပင်ဖို့ စည်းကမ်းတွေ ထုတ်နိုင်ဖို့ ကြိုစားနေပါပြီ။

Vape သုံးခွင့် ပိတ်ပင်တာဟာ ပလတ်စတစ်၊ ပြန်သုံးမရတဲ့ဘက်ထရီ၊ ဓာတုပစ္စည်း စတဲ့ ပတ်ဝန်းကျင် စွန့်ပစ်အမှိုက်လှည်း လျော့ကျလာဖို့ ဘယ်လ်ဂျီယံက မျှော်လင့်နေပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013