DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ ခလရ ၂၅၂ တပ်ရင်း ပစ်ခတ်မှုတွင် စစ်သား ၂ ဦးသေဆုံး၊ PDF ရဲဘော် ၁ ဦး ကျဆုံး
DVB
·
December 20, 2024
ပခုက္ကူ ခလရ ၂၅၂ တပ်ရင်း ပစ်ခတ်မှုတွင် စစ်သား ၂ ဦးသေဆုံး၊ PDF ရဲဘော် ၁ ဦး ကျဆုံး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၂၅၂ တပ်ရင်းကို ဒီဇင်ဘာ ၁၈ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်က ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့သလို PDF ရဲဘော်တယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၅၂ တပ်ရဲ့ ပခုက္ကူ-ကမ္မလမ်းပေါ်က တပ်ရှေ့ဂိတ်ပေါက်အထိဝင်ပြီး မျက်နှာချင်းဆိုင် ပစ်ခဲ့တာလို့ Burma Revolution Rangers ရဲ့ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၂ ယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာရရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က တပ်စိတ်ခေါင်းဆောင် ရဲဘော်တယောက် ကျဆုံးခဲ့ကာ ကျန်တယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက “ကျနော်တို့ဘက်က တပ်စိတ်ခေါင်းဆောင် ဦးဆောင်ပြီးတော့ တပ်စိတ်တစိတ်က ရဲဘော် ၇ ယောက်နဲ့ သွားပစ်တာ၊ ကျနော်တို့ဘက်က လက်ဦးမှုတော့ ရခဲ့ပါတယ်။ နှစ်ဖက်ပစ်ခတ်ချိန်က ၅ မိနစ်လောက်ပဲ ကြာခဲ့တာပါ။ သူတို့ဘက်က သေတဲ့ စစ်သားဆီကနေ လက်နက်သွားကောက်တဲ့ တပ်စိတ်ခေါင်းဆောင်ကတော့ မထင်မှတ်ဘဲ ရန်သူ့ကျည်ထိပြီး ကျဆုံးသွားတယ်။ ကျန်တဲ့ ရဲဘော်တယောက် ဒဏ်ရာရလို့ ကျနော်တို့ဘက်က လက်နက်ကြီးတပ်စိတ်ရဲ့ ပစ်ကူတွေနဲ့ ဒဏ်ရာရတဲ့ ရဲဘော်ကို ဆွဲထုတ်ခဲ့ပြီး ပြန်ဆုတ်လာကြတာပေါ့ဗျာ။ ဒဏ်ရာရတဲ့ ရဲဘော်ကတော့ မစိုးရိမ်ရပါဘူး” လို့ DVB ကို ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ဟာ Burma Revolution Rangers က တိုက်ခိုက်ရေးတာဝန်ခံနဲ့ စခန်းတာဝန်ခံဖြစ်တဲ့ ရဲဘော်ကာဗွန် ဖြစ်ပြီး ရုပ်အလောင်းလည်း ပြန်မရရှိခဲ့သလို သူကိုင်ဆောင်တဲ့ သေနတ်တလက်နဲ့ ဖုန်းတလုံးလည်း ဆုံးရှုံးခဲ့ရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ တပ်စိတ် ၁ Burma Revolution Rangers က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းကလည်း ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ တပ်တွေဖြစ်ကြတဲ့ တပ်မ ၁၀၁၊ ခလရ ၂၅၁ နဲ့ ၂၅၂ တပ်တွေကို တော်လှန်ရေး တပ်ပေါင်းစုတွေက တာဝေးပစ်ဒုံး  ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013