DVB Logo
Home
နိုင်ငံတကာ
ယီမင်ဒုံးကျည်ကို အစ္စရေး ပစ်ချ၊ ယီမင် ဓာတ်အားပေးစက်ရုံကို အစ္စရေးဒုံးကျည် ထိမှန်
DVB
·
December 19, 2024
ယီမင်ဒုံးကျည်ကို အစ္စရေး ပစ်ချ၊ ယီမင် ဓာတ်အားပေးစက်ရုံကို အစ္စရေးဒုံးကျည် ထိမှန်
Donate to DVB

ယီမင်နိုင်ငံကနေ ဒီဇင်ဘာ ၁၉ ရက် အစောပိုင်းမှာ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းကို ကြားဖြတ်ဟန့်တားအပြီး အစ္စရေးအလယ်ပိုင်းမှာ တပ်လှန့်ဥဩသံတွေ ဆူညံခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဥဩသံနဲ့ တပ်လှန့်တာကို ဒေသစံတော်ချိန် မနက် ၂ နာရီ ၃၅ မိနစ်မှာ စတင်ခဲ့ပါတယ်။

တဲလ်အဗိမြို့ရဲ့ ကောင်းကင်ကို ဖြတ်ပြီး ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစင်းကို ကြားဖြတ်ဟန့်တားခဲ့ပုံကို ပြသထားတဲ့ ရုပ်သံကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ခဲ့ပြီး ပေါက်ကွဲသံကြီး ထွက်လာတာကိုလည်း ကြားရပါတယ်။

အစ္စရေးလေတပ် (IAF) က ယီမင်ကနေ ပစ်လွှတ်တဲ့ ဒုံးကျည်ကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးစစ်တပ်က အတည်ပြုခဲ့ပါတယ်။

အစ္စရေးက လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီဇင်ဘာ ၁၉ ရက် အစောပိုင်းမှာ ယီမင်နိုင်ငံ မြို့တော် ဆာနာက ဟဲ့ဇီယက်စ် ဗဟိုဓာတ်အားပေးစက်ရုံကနေ မီးခိုးလုံးကြီး တက်လာတာကို မျက်မြင်သက်သေတယောက်က ရုပ်သံ ရိုက်ကူးနိုင်ခဲ့ပါတယ်။

အနားက အဆောက်အဦတွေ၊ ရေနံတင်သင်္ဘောတွေနဲ့ ဂြိုဟ်တုဓာတ်ပုံတွေ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပေမဲ့ ရက်စွဲကို သီးခြား အတည်မပြုနိုင်ပါဘူး။

ဒါပေမဲ့ ဆာနာမြို့တော်က ဆိပ်ကမ်းတွေနဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေ အပါအဝင် ယီမင်နိုင်ငံထဲက ဟူသီစစ်တပ် ပစ်မှတ်တွေကို အတိအကျ တိုက်ခိုက်ခဲ့တယ်လို့ IDF က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတွင်း နေရာတော်တော်များများကို ထိန်းချုပ်ထားတဲ့ ဟူသီလှုပ်ရှားမှုက ဦးစီးတဲ့ မာစီရာ TV က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၉ ယောက် သေဆုံးခဲ့တယ်လို့ ကြေညာပါတယ်။

မြို့တော် ဆာနာရဲ့ တောင်နဲ့ မြောက်ဘက်တို့က ဗဟိုဓာတ်အားပေးစက်ရုံ ၂ ခုကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ မာစီရာရုပ်သံက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တို့က တိုက်ခိုက်တာ ခံခဲ့ရပြီးတဲ့နောက် အစ္စရေးက ဂါဇာကို လက်တုံ့ပြန် ချေမှုန်းနေပါတယ်။

ဒါကြောင့် ဂါဇာက ပါလက်စတိုင်းတို့နဲ့ စည်းလုံးညီညွတ်မှုကို ဖော်ပြတဲ့အနေနဲ့ ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေဟာ အစ္စရေးနိုင်ငံဆီ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို အကြိမ်ကြိမ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013