DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို ကူညီရန် NATO ကွပ်ကဲမှုဌာနချုပ် ၁ ခု ဂျာမနီတွင် စတင်လည်ပတ်
DVB
·
December 19, 2024
ယူကရိန်းကို ကူညီရန် NATO ကွပ်ကဲမှုဌာနချုပ် ၁ ခု ဂျာမနီတွင် စတင်လည်ပတ်
Donate to DVB

ယူကရိန်းကို ကူညီဖို့နဲ့ ဂျာမန်တပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်ပေးဖို့ ဂျာမနီနိုင်ငံ ဝီးစ်ဘာဒန်မြို့မှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ ကွပ်ကဲမှုဌာနတရပ် စတင် လည်ပတ်နေပြီလို့ မဟာမိတ်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး မာ့ခ် ရူတေက ဒီဇင်ဘာ ၁၈ ရက်မှာ ကျင်းပတဲ့ လစ်သူယေးနီးယားသမ္မတ ဟီတားနက်စ် နိုဆေးတာနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်းကို ရုရှား ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက် ဂျာမနီက သူ့အင်အားကို မြှင့်တင်ဖို့ ကြိုးပမ်းနေလို့ လက်ရှိ စစ်သည်အင်အား ပစ်မှတ် ၂၀၃,၀၀၀ ကနေ ၂၃၀,၀၀၀ ထိ တိုးမြှင့်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က ဒီဇင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။

ဂျာမနီစစ်တပ်မှာ လက်ရှိစာရင်းအရ ယူနီဖောင်းဝတ် စစ်သည်အင်အား ၁၈၀,၀၀၀ ကျော်ရှိလို့ လက်ရှိပစ်မှတ်ကို ပြည့်မီရေး နောက်ထပ် စစ်သည် အယောက် ၂၀,၀၀၀ လောက် လူသစ်စုဆောင်းဖို့ နှစ်ပေါင်းများစွာ ရုန်းကန်နေရတာပါ။

“NATO ရဲ့ စွမ်းဆောင်ရည် ပစ်မှတ်တွေကြောင့် အမြဲတမ်း စစ်သည်ဦးရေ ၂၃၀,၀၀၀ နီးပါးအထိ တိုးမြှင့်ဖို့ စီစဉ်နေပါတယ်” လို့ ပစ္စတိုးရီးယပ်စ်က ဘာလင်မြို့တော်မှာ လွှတ်တော်ကို ပြောပါတယ်။

NATO ရဲ့ စစ်စွမ်းရည် ၁၀ ရာခိုင်နှုန်းလောက်ကို ပံ့ပိုးပေးတဲ့ ဂျာမနီဟာ အပိုတပ်မဟာ ၃ ရပ်၊ ၅ ရပ် ဒါမှမဟုတ် နောက်ထပ် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ လိုအပ်မှာပါ။

ဘာလင်မြို့တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ခွဲခြားထားတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှု အပြီးမှာ ဂျာမန်အဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်ရဲ့ အစိုးရက စစ်အသုံးစရိတ်ကို တိုးမြှင့်ခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်ကို NATO ပစ်မှတ်တွေနဲ့အညီ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဖော်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီအသုံးစရိတ်ကို ဘယ်လိုဆက်ထိန်းထားမလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013