DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားသည် ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုမဟုတ်ဟု တော်လှန်ရေးခေါင်းဆောင်ပြော
DVB
·
December 19, 2024
ဆီးရီးယားသည် ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုမဟုတ်ဟု တော်လှန်ရေးခေါင်းဆောင်ပြော
Donate to DVB

ဆီးရီးယားနိုင်ငံဟာ စစ်ပွဲကြောင့် ပင်ပန်းနေပြီဖြစ်ပြီး အိမ်နီးချင်းတွေအတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ ခြိမ်းခြောက်မှုတရပ် ဖြစ်လာမှာမဟုတ်ဘူးလို့ နိုင်ငံကိုအုပ်ချုပ်နေတဲ့  တော်လှန်ရေးအဖွဲ့ခေါင်းဆောင် အာမက်အယ်လ်ရှာရာက ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဆီးရီးယားကို တာလီဘန်တွေလက်ထဲက အာဖဂန်နစ္စတန်လို လုပ်ပစ်ဖို့လည်း မရှိဘူးလို့ ရှာရာက ပြောပါတယ်။

အာဖဂန်နဲ့ ဆီးရီးယားဟာ လုံးဝမတူဘဲ သူဟာ အမျိုးသမီးပညာရေးကို ယုံကြည်သူဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေ မူလထိန်းချုပ်ထားနိုင်တဲ့ အစ်ဒလစ်ဘ်ပြည်နယ်မှာ တက္ကသိုလ်တွေ ဖွင့်နိုင်တာ ၈ နှစ်တောင်ရှိပြီဖြစ်သလို တက္ကသိုလ်ကျောင်းသူ ၆၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ရှာရာက ပြောပါတယ်။

အရက်သေစာသုံးစွဲခွင့်ပြု၊ မပြု ဆိုတာကိုတော့ သူ့မှာ ပြောပိုင်ခွင့်မရှိဘဲ ဥပဒေရေးရာကိစ္စ ဖြစ်မယ်လို့ ဆိုပါတယ်။

အခြေခံဥပဒေကိုလည်း ဥပဒေပညာရှင်တွေက ရေးကြမှာဖြစ်ပြီး ဘယ်သူအုပ်ချုပ်သည်ဖြစ်စေ၊ ဘယ်သမ္မတ တက်လာသည်ဖြစ်စေ လိုက်နာရမယ်လို့ ပြောပါတယ်။

ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေဟာ အရင်အစိုးရကို ပစ်မှတ်ထားခဲ့တာ ဖြစ်တဲ့အတွက် ဒါတွေအားလုံး ရုပ်သိမ်းပေးသင့်တယ်လို့ တော်လှန်ရေးနာမည် အဘူမိုဟာမက်အယ်လ် ဂျိုလာနီနဲ့ ထင်ရှားတဲ့ ရှာရာက ပြောပါတယ်။

အဖိနှိပ်ခံရသူနဲ့ ဖိနှိပ်သူကို တတန်းတစားတည်း မသတ်မှတ်သင့်ဘူးလို့လည်း ဆိုပါတယ်။

သူ့ရဲ့ HTS တပ်ဖွဲ့ ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုဟာ အာဆတ်မိသားစုရဲ့ အနှစ် ၅၀ ကျော် အုပ်စိုးမှုကို အဆုံးသတ်စေခဲ့ပါတယ်။

သူတို့ HTS အဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းစာရင်း သွင်းထားရာကနေ ပယ်ဖျက်ပေးသင့်တယ်လို့ တောင်းဆိုခဲ့ပါတယ်။

HTS ကို ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်၊ ယူကေ  အပါအဝင် နိုင်ငံကြီးတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အယ်လ်ကေးဒါးနဲ့ ၂၀၁၆ ကတည်းက အဆက်ဖြတ်ခဲ့ပေမဲ့ အဖွဲ့ခွဲလို့ သတ်မှတ်ခံရတာ ဖြစ်ပါတယ်။

ရှာရာကတော့ HTS အဖွဲ့ဟာ အရပ်သားတွေကို ပစ်မှတ်ထားတာ၊ အရပ်ဘက်ဧရိယာတွေကို တိုက်ခိုက်တာ မရှိခဲ့သလို သူတို့ကိုယ်တိုင်ဟာလည်း အာဆတ်အစိုးရကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ခံစားခဲ့ရသူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013