DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးကာလအတွင်း ကလေးနှင့် လူငယ် ၃,၀၀၀ ကျော် သေဆုံး
DVB
·
December 19, 2024
နွေဦးတော်လှန်ရေးကာလအတွင်း ကလေးနှင့် လူငယ် ၃,၀၀၀ ကျော် သေဆုံး
1 / 3
Donate to DVB

စစ်တပ်ကအာဏာသိမ်းပြီး နွေဦးတော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း ကလေးနဲ့လူငယ် ၃,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ တိုက်ပွဲနဲ့တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူဦးရေစာရင်းကို အခု ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်လာတာဖြစ်ပြီး ကလေး ၉၅၆ ယောက် သေဆုံးခဲ့တာကြောင့် သေဆုံးသူအားလုံးရဲ့ ၁၀ ပုံ ၁ ပုံကျော်ရှိနေပါတယ်။

၂၀၂၁ ခုနှစ်မှာ ကလေး ၉၅ ယောက်သေဆုံးပြီး ၂၀၂၂ ခုနှစ် မှာ ၁၇၇ ယောက်၊ ၂၀၂၃ ခုနှစ်မှာ ၃၅၅ ယောက်၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာအထိ ၃၂၉ ယောက်သေဆုံးခဲ့ပါတယ်။

သေဆုံးတဲ့ကလေးတွေထဲမှာ ယောကျ်ားလေးက ထက်ဝက်ကျော်ပါပြီး ပြည်နယ်နဲ့တိုင်း အလိုက်မှာတော့ စစ်ကိုင်းတိုင်းမှာ အများဆုံး၊ သူ့နောက်မှာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကရင်နီတို့ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာ လူငယ် ၂၂၃၆ ယောက်သေဆုံးခဲ့ရပြီး သေဆုံးသူအားလုံးရဲ့ ၄ ပုံ ၁ ပုံရှိပါတယ်။

သေဆုံးသူလူငယ်တွေမှာလည်း ယောကျ်ားလေးက ၈၀ ရာခိုင်နှုန်းလောက်ပါပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းတို့မှာ အများဆုံး သေဆုံးခဲ့တာပါ။

လူငယ်သေဆုံးတာဟာ စစ်တပ်က အာဏာသိမ်းစ ၂၀၂၁ ခုနှစ်မှာ ၇၀၀ လောက်ရှိလို့ အများဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာလည်း ၆၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

တော်လှန်ရေးကာလအတွင်း လူပေါင်း ၈,၄၀၀ ကျော်သေဆုံးတယ်လို့ ဝန်ကြီးဌာနက စာရင်းပြုစုထားပြီး ဒီထဲမှာ အမျိုးသမီး ၁၇၈၁ ယောက်ပါဝင်လို့ သေဆုံးသူအားလုံးရဲ့ ၅ ပုံ ၁ ပုံရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ အများဆုံးသေဆုံးပြီး ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းတို့မှာလည်း အများစုသေဆုံးခဲ့တယ်လို့ စာရင်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013