DVB Logo
Home
မြန်မာသတင်း
ချွန်းပူးရီးဆောက်လုပ်ရေးတန်းလျားမှ ရွှေ့ပြောင်းလုပ်သား ၁၀၀  ဖမ်းဆီးခံရ 
DVB
·
December 19, 2024
ချွန်းပူးရီးဆောက်လုပ်ရေးတန်းလျားမှ ရွှေ့ပြောင်းလုပ်သား ၁၀၀  ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဆတ်တဟိပ်မြို့နယ်ရှိ ဆောက်လုပ်ရေးအလုပ်သမားတန်းလျားကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးပြီး အလုပ်သမား အယောက် ၁၀၀ ဖမ်းဆီးခဲ့တယ်လို့  Police TV ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဆပ်တဟိပ်မြို့နယ်၊  ရပ်ကွက် ၆ ရှိ ဆောက်လုပ်ရေးအလုပ်သမားတန်းလျားမှာ တရား မဝင်အလုပ်သမားတွေ အများအပြားဝင်ရောက်နေထိုင်နေကြောင်း သတင်းပေးချက်ရတဲ့အတွက် ပတ္တယားလဝက ရဲတပ်ဖွဲ့နဲ့  ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ အဆိုပါနေရာကို  ဒီဇင်ဘာ ၁၇ ရက် မနက်က ရှောင်တခင်သွားရောက်စစ်ဆေးခဲ့ ပါတယ်။

အဲဒီနေရာမှာ သွပ်ပြားတွေကို အခန်းဖွဲ့နေထိုင်ကြတဲ့ တန်းလျားကြီးဖြစ်ပြီး တာဝန်ရှိသူတွေ ရောက်သွားချိန်ဟာ အလုပ်ချိန်နီးပြီမို့ အလုပ်သမားတချို့က ရေမိုးချိုး ၊ တချို့က ထမင်းစားနေကြတယ်၊ တချို့က လန့်ပြီးထွက်ပြေးပုန်းရှောင်ကြတယ်၊ တချို့ ကလည်း ကြောင်ပြီးကြည့်နေတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ထွက်ပြေးသူတွေလိုက်ခေါ်ပြီး အားလုံးကို တန်းလျားရှေ့မှာ စုဝေးစေခဲ့တာမှာ ၊ အမျိုးသား ၉၂ ယောက်နဲ့ အမျိုးသမီး ၈ ယောက်ကို စစ်ဆေးတွေ့ရပြီး သူတို့ အားလုံးဟာ ဆောက်လုပ်ရေးအလုပ်သမားတွေလို့ သိရပါတယ်။

သူတို့ထဲမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားအလုပ်သမားတွေပါရှိပြီး တာဝန်ရှိသူတွေက အားလုံးကို ၆ ဘီးကားနဲ့ လဝကရုံးကို ခေါ်ဆောင်သွားတယ်၊ အဲဒီမှာ အထောက်အထားတွေ မပြည့်စုံတဲ့သူတွေကို စစ်ဆေးအရေးယူသွားမယ်လို့  သတင်းမှာဖော်ပြသွားပါတယ်။ 

လတ်တလောမှာ ထိုင်းအစိုးရက တရားမဝင်အလုပ်သမားတွေကို  ဒီဇင်ဘာလကုန်ထိ နေထိုင်ခွင့်အထောက်အထားလုပ်ဖို့ မှတ်ပုံတင်ခွင့်ပြုနေပြီး တဘက်ကလည်း တရားမဝင် အလုပ် သ မားတွေကို  ဖမ်းဆီးနှိမ်နင်းနေပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက်မှာလည်း ကန်ကျနပူရီခရိုင် ထောာင်းဖာဖူးမြို့နယ် ထာ့ခနွန်အုပ်စု ဖာအန့်ရွာအနီးမှာ မသင်္ကာဘွယ် ဟိုင်းလပ်စ်ကားတစ်စီးကို တာဝန်ရှိသူတွေက တားဆီးစစ်ဆေးခဲ့ပြီး ကားပေါ်က တရားမဝင်မြန်မာအလုပ်သမား ၁၇ ဦးကို လမ်းပြသူ ထိုင်းယာဉ်မောင်းတယောက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source:  Police TV News / Kanjanaburi News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013