DVB Logo
Home
နိုင်ငံတကာ
သေဒဏ်ချမှတ်ထားသည့် ဖိလစ်ပိုင်အမျိုးသမီးကို အင်ဒိုနီးရှားက အိမ်ပြန်ခွင့်ပေး
DVB
·
December 18, 2024
သေဒဏ်ချမှတ်ထားသည့် ဖိလစ်ပိုင်အမျိုးသမီးကို အင်ဒိုနီးရှားက အိမ်ပြန်ခွင့်ပေး
Donate to DVB

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့  ၁၅ နှစ် ထောင်ချခံထားရပြီး သေဒဏ်နဲ့ရင်ဆိုင်နေရတဲ့ ဖိလစ်ပိုင်အမျိုးသမီးတယောက်ကို  အိမ်ပြန်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်က အင်ဒိုနီးရှားလေဆိပ်မှာ ဟီးရိုးအင်း ၅ ဒသမ ၇ ပေါင် သယ်ဆောင်တယ်လို့ တွေ့ရှိခဲ့တဲ့ အဲဒီအမျိုးသမီးကို သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ကလေး ၂ ယောက်အမေဟာ မူးယစ်ဆေးသယ်ဆောင်မှုမှာ အသုံးချခံခဲ့ရကြောင်း ထွက်ဆိုခဲ့တာ တွေ့ရပါတယ်။

အဲဒီအမျိုးသမီးကို အင်ဒိုနီးရှားနိုင်ငံက ဖိလစ်ပိုင်နိုင်ငံထံ အင်္ဂါနေ့က နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေက  တရားဝင်လွှဲပြောင်းမှု ပြုလုပ်ခဲ့ပြီးနောက် အိမ်ပြန်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်အမျိုးသမီးက “ဒါက ကျမအတွက် ဘဝသစ်ပါ။ ဖိလစ်ပိုင်မှာ ဘဝသစ်စမှာပါ။ ကျမကလေးတွေ စောင့်မျှော်နေလို့ အိမ်ကိုပဲ ပြန်မှာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်က ဗီလိုဆိုရဲ့ သေဒဏ်ကို ပယ်ဖျက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဗီလိုဆိုရဲ့ ဖွင့်ဟချက်အရ အင်ဒိုနီးရှားမှာ အိမ်ဖော်အလုပ်သွားမလုပ်ခင် ကလေးတွေရဲ့ ခေါင်းကိုင်မိခင်ရဲ့ အမျိုးသားသူငယ်ချင်းတယောက်က အဝတ်အစားသစ်တွေနဲ့ အိတ်အသစ်တလုံး ပေးခဲ့တာကနေ အဲဒီပစ္စည်းတွေမှာ ဘိန်းဖြူတွေ ပါဝင်ခဲ့တာလို့ ဆိုပါတယ်။ ဒီလို မူးယစ်ဆေးတွေ ပါတာကို မသိဘဲ ယူဆောင်လာမိတယ်လို့ ဗီလိုဆိုက ပြောဆိုခဲ့တာပါ။

အဲဒီအမှုကြောင့် ၂၀၁၅ ခုနှစ်က ပစ်သတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရာကနေ လူကုန်ကူးမှုအတွက် အစိုးရသက်သေအဖြစ် ဆောင်ရွက်နိုင်ခဲ့တာကြောင့် သူ့အမှုကို ခဏတရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က ဗီလိုဆိုရဲ့ အဖြစ်အပျက်ကို ဖိလစ်ပိုင်သတင်းစာတွေထဲမှာ အဓိကဖော်ပြကြပြီး လူထုရဲ့စာနာမှု ရရှိခဲ့ပါတယ်။

ဆင်းရဲမှုကြောင့် အိမ်ဖော်အဖြစ် ပြည်ပထွက် အလုပ်လုပ်တဲ့ အမျိုးသမီးတွေကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးသယ်ဆောင်မှုမှာ အသုံးချခံခဲ့ရမှုကလည်း တခြား ဖိလစ်ပိုင်အမျိုးသမီးတွေရဲ့ အဖြစ်အပျက်နဲ့ ဆင်တူခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013