DVB Logo
Home
မြန်မာသတင်း
KNU နယ်မြေတွင် ‘သောသီတောအူး’ ဌာနေလူမျိုးစုများဥယျာဉ် တည်ထောင်
DVB
·
December 17, 2024
KNU နယ်မြေတွင် ‘သောသီတောအူး’ ဌာနေလူမျိုးစုများဥယျာဉ် တည်ထောင်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေထဲမှာ မြေဧက ၁ သန်းကျော် အကျယ်အဝန်းရှိတဲ့ ‘သောသီတောအူး’ ဌာနေလူမျိုးစုများဥယျာဉ်ကို တည်ထောင်လိုက်ပြီလို့ ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာပါတယ်။

အဆိုပါ ဥယျာဉ်ဟာ ကရင်မျိုးနွယ်စုတွေ အများစုနေထိုင်ရာ တောအူး(တောင်ငူ)ခရိုင်၊ တပ်မဟာ (၂) နယ်မြေထဲမှာ တည်ရှိပြီး ခရိုင်အတွင်းနေထိုင်ကြတဲ့ ဌာနေလူမျိုးစု ကိုယ်စားလှယ် ၁၅၀ဝ တို့က ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ ကျင်းပတဲ့ အစည်းအဝေးမှာ ဥယျာဉ်တည်ထောင်ခြင်း အခြေခံဥပဒေကိုလည်း အတည်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

မတူကွဲပြားစုံလင်တဲ့ ယဉ်ကျေးမှုသမိုင်းနောက်ခံအမျိုးမျိုးကို လွှမ်းခြုံထိန်းသိမ်းတဲ့ သောသီတောအူးဌာနေလူမျိုးစုများဥယျာဉ်အနေနဲ့ စုံလင်စွာရှိနေတဲ့ ဌာနေလူမျိုးစုအပေါင်းတို့ရဲ့ ဓလေ့ထုံးတမ်းတွေအပေါ် အင်အားယူပြီး အချင်းချင်းအပြန်အလှန် ရင်းနှီးဆက်ဆံမှုရှိတဲ့ လုပ်ငန်းတွေကတဆင့် ဌာနေလူမျိုးစုအသိုက်အဝန်းရဲ့ အခွင့်အာဏာကို မြှင့်တင်ပေးတာ၊ တချိန်တည်းမှာပဲ စုံလင်ပြီး အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုဓလေ့ပေါင်းစုံ ပြည့်နှက်နေတဲ့ လူမျိုးစုနယ်မြေဒေသတွေကို အခုအတိုင်း စည်းလုံးခိုင်မြဲစွာ တည်ရှိအောင် လုပ်ဆောင်တာတွေကတဆင့် မတူကွဲပြားမှုတွေအောက်က စည်းလုံးညီညွတ်ရေးပန်းတိုင်ဆီ အရောက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သောသီတောအူးဌာနေ လူမျိုးစုများ ဥယျာဉ်ကြီးဟာ ဌာနေလူမျိုးစုလူဦးရေ ပေါင်း ၁ သိန်းကျော်နဲ့ အပင်၊ တောရိုင်းတိရစ္ဆာန် ဇီဝမျိုးစုံမျိုးကွဲနေထိုင်ရာ အိမ်တလုံးဖြစ်ပြီး ဂေဟ စနစ်တွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဌာနေလူမျိုးစုတို့ရဲ့ ရိုးရာယဉ်ကျေးမှုတို့ကိုလည်း ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013