DVB Logo
Home
မြန်မာသတင်း
မှော်ဘီရဲတပ်ရင်းက ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
DVB
·
December 17, 2024
မှော်ဘီရဲတပ်ရင်းက ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
Donate to DVB

ရန်ကုန်တိုင်း၊ မှော်ဘီအခြေစိုက် ရဲတပ်ရင်းတခုက ရဲတပ်သားတယောက်ဟာ ဒီဇင်ဘာ ၁၆ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “မှော်ဘီရဲတပ်ရင်း ၅ က ရဲတပ်သားတယောက်က လက်နက်ခဲယမ်းတွေနဲ့ ကျနော်တို့အဖွဲ့ဆီကို အလင်းဝင်လာခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါရဲတပ်သားဟာ G3 သေနတ်တလက်၊ ကျည် ၂၂၁ တောင့်တို့နဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် ဂုဏ်ပြုဆုငွေ ပေးအပ်ထားတယ်လို့လည်း ဆိုပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုပေါ့ဘာက “အခုအလင်းဝင်လာတဲ့ ရဲတပ်သားကို ဆုကြေးငွေ သိန်း ၅၀ ပေးအပ်ထားပါတယ်။ သူနဲ့ဆိုရင် မှော်ဘီရဲတပ်ရင်း ၅ က အလင်းဝင်လာတဲ့သူ ၂ ယောက်ရှိပါပြီ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသေးတဲ့ စစ်ကောင်စီလက်အောက်ခံတွေကိုလည်း အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကလည်း ရန်ကုန် ရဲတပ်ရင်း ၅ မှော်ဘီက ရဲတပ်သား မျိုးချစ်သူဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် ဂုတ်ပြုဆုငွေ သိန်း ၅၀ ချီးမြှင့်ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေတခုကို ပို့ဆောင်ပေးထားတယ်လို့လည်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013