DVB Logo
Home
နိုင်ငံတကာ
မူးယစ်ကုန်ကူးမှုဖြင့် သေဒဏ်ပေးခံရသည့် ဖိလစ်ပိုင်အမျိုးသမီးကို အင်ဒိုနီးရှားက ပြန်ပို့မည်
DVB
·
December 17, 2024
မူးယစ်ကုန်ကူးမှုဖြင့် သေဒဏ်ပေးခံရသည့် ဖိလစ်ပိုင်အမျိုးသမီးကို အင်ဒိုနီးရှားက ပြန်ပို့မည်
Donate to DVB

မူးယစ်ဆေးဝါး ရောင်းဝယ်မှုအတွက် အင်ဒိုနီးရှားအစိုးရက သေဒဏ်ချမှတ်ခံထားရတဲ့ ဖိလစ်ပိုင်အမျိုးသမီး မာရီဂျိန်းဗေလိုဆိုကို ဒီဇင်ဘာ ၁၈ ရက် မနက်အစောပိုင်းမှာ ဇာတိနိုင်ငံဆီ ပြန်လွှဲပြောင်းပေးမယ်လို့ အင်ဒိုနီးရှား အကြီးတန်းအရာရှိတယောက်က ဒီဇင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

ဗေလိုဆိုကို လွန်ခဲ့တဲ့ ၁၄ နှစ်လုံး အကျဉ်းချထားတဲ့ ယိုဂီယာကာတာ အကျဉ်းထောင်ကနေ ဒီဇင်ဘာ ၁၅ ရက်မှာ ဂျကာတာမြို့က အမျိုးသမီးထောင်ဆီ ပြောင်းရွှေ့ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်ဝန်ကြီး ညိုမန်ဂီဒီ ဆူရီယာ မာတာရာမ်က ဒီဇင်ဘာ ၁၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျကာတာမြို့တော်ကနေ ဖိလစ်ပိုင်ဆီ ပုံမှန် ခရီးသည်တင်လေယာဉ်နဲ့ ပြန်လွှဲမှာလို့လည်း သူက ပြောပါတယ်။

နေရပ်ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်ပါဘူး။

အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ၂၀၁၀ ခုနှစ်က ယော့ဂီယာကာတာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကလေး ၂ ယောက်မိခင် အိမ်အကူ ဗေလိုဆိုကို မူရင်းနိုင်ငံဆီ ပြန်ပို့ရေး အခုလထဲမှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ဗေလိုဆိုရဲ့ လက်ဆွဲသေတ္တာအတွင်း ဝှက်ထားတဲ့ ဘိန်းဖြူ ၂ ဒသမ ၆ ကီလိုဂရမ်ကို တွေ့ရှိပြီးတဲ့နောက် ယော့ဂီယာကာတာမှာ သူဟာ ဖမ်းဆီးခံခဲ့ရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013