DVB Logo
Home
မြန်မာသတင်း
ထိုင်းငါးဖမ်းလုပ်သား ၄ ဦးကို ကော့သောင်းခရိုင်တရားရုံးက ထောင်ဒဏ်နှင့်ငွေဒဏ်များ ချမှတ် 
DVB
·
December 16, 2024
ထိုင်းငါးဖမ်းလုပ်သား ၄ ဦးကို ကော့သောင်းခရိုင်တရားရုံးက ထောင်ဒဏ်နှင့်ငွေဒဏ်များ ချမှတ် 
Donate to DVB

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်နဲ့ကပ်လျက် မြန်မာ့ရေပိုင်နက်ထဲ ကျွံဝင်သွားတဲ့ ထိုင်း ငါးဖမ်းလှေတစီး၊  ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာလုပ်သား ၂၇ ယောက်တို့ကို မြန်မာအာဏာပို င်တွေက ဖမ်းဆီးထားရာမှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်မှာတော့ ကော့သောင်းခရိုင်တရားရုံးက ထောင်ဒဏ် ၆ နှစ်ထိနဲ့ ငွေဒဏ် ကျပ် ၂၀၀,၀၀၀ ထိချမှတ်ခဲ့တယ်လို့ thaipost.net ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

လှေပိုင်ရှင်အား ခွင့်ပြုချက်မရဘဲ ရေပိုင်နက်ကျူးကျော်ဝင်ရောက်မှု၊ တရားမဝင် ဝင်ရောက်ငါးဖမ်းမှုနဲ့ ထောင်ဒဏ် ၅ နှစ်၊ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်အပြင် ငွေဒဏ် ကျပ် ၂၀၀ ,၀၀၀ ( ထိုင်းဘတ် ၃၂၀၀ ) ခန့်ကို ချမှတ်ခဲ့တယ်လို့  ကော့သောင်းသတင်းရင်းမြစ်တွေက ပြောတယ်လို့ ဆိုပါတယ်။ 

လှေသားအဖြစ်လိုက်ပါသွားသူ ထိုင်း ၃ ဦးကိုလည်း  တရားမဝင် ဝင်ရောက်ငါးဖမ်းမှုနဲ့ ထောင်ဒဏ် ၃ နှစ်၊ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်အပြင် ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ပါ ချမှတ်ခဲ့တယ်။ 

မြန်မာရေလုပ်သား ၂၇ ဦးကိုလည်း တရားမဝင် နိုင်ငံထဲဝင်ရောက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီ အသီးသီးချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့ကို ခုလိုတရားစီရင်ဆုံးဖြတ်ခဲ့ပေမဲ့  နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီ TBC အနေနဲ့ ညှိနှိုင်းပြီး ပြန်လွှတ်ပေးဖို့ ဒါမှမဟုတ် လျော့ပေါ့ပေးဖို့၊ ဒါမှမဟုတ်လည်း ဒီပြဿနာဟာ နိုင်ငံအဆင့်ဖြစ်တဲ့အတွက် နိုင်ငံတာဝန်ရှိသူကနေတဆင့် ညှိနှိုင်းပေးဖို့  မိသားစုတွေက မျှော်လင့် နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင်ရှေ့ကတော့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်က ထိုင်းလှေသား ၄ ယောက် လွတ်မြောက်ရေး အတတ်နိုင်ဆုံးကြိုးစားနေပြီး လာမယ့်နှစ်သစ် ( ၂၀၂၅ ဇန်နဝါရီ) လဆန်းပိုင်းမှာ သတင်းကောင်းကြားရမယ်လို့ မျှော်လင့်ကြောင်း ပြီးခဲ့တဲ့အပတ်က သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ် ။ 

ဒါ့အပြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နဲ့  မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ဟာလည်း ဒီ ၁၉ ရက်မှာ ဒီကိစ္စတွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

ဘန်ကောက်ပို့စ်သတင်းမှာလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး  မာရစ်ဆငဲမ်ဖုန်းဟာ လာမယ့် ဒီဇင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပြီး စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ ဖမ်းဆီးခံ ထိုင်းငါးဖမ်းလှေ လုပ်သားတွေ လွတ်မြောက်ရေး ဆွေးနွေးဖို့ရှိတယ်လို့  ဖော်ပြထားပါတယ်။ 

မြန်မာအာဏာပိုင်တွေက ထိုင်းငါးဖမ်းလှေကို ခုလိုအရေးယူလိုက်သလို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် ညက ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာငါးဖမ်းလှေ ၁ စီး နဲ့ မြန်မာရေလုပ်သား ၆ ယောက်ကိုလည်း ထိုင်းရေတပ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ 

မြန်မာဘက်က ဖမ်းထားတဲ့ ထိုင်းနိုင်ငံသားနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပြန်လွှတ်ပေးဖို့ ထိုင်းအာဏာပိုင် နဲ့ ငါးဖမ်းလုပ်ငန်းရှင်များအသင်းက ဝိုင်းဝန်းကြိုးပမ်းနေကြပေမဲ့ ထိုင်းဘက်က ဖမ်းထားတဲ့ ငါးဖမ်းလှေနဲ့ လှေပေါ်က မြန်မာတွေ လွတ်မြောက်ရေးအတွက်တော့ မြန်မာအာဏာပိုင်ဘက်က တစုံတရာပြောဆိုတာ မရှိပါဘူး။

နန်းမြနဒီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013