DVB Logo
Home
နိုင်ငံတကာ
ညစ်ညမ်းဗီဒီယို ဖြန့်ဝေလျှင် ထောင်ဒဏ် ၅ နှစ်၊ ငွေဒဏ် ဘတ် ၁ သိန်းထိ ချခံရနိုင်ဟု ထိုင်းရဲ သတိပေး
DVB
·
September 11, 2026
Photo: CM108 News
Photo: CM108 News
Donate to DVB

ထိုင်းနိုင်ငံ လူမှုကွန်ရက်တွေမှာ ခုရက်ပိုင်းတွင်း အယုဒ္ဓယရှေးဟောင်းမြို့တော် နာမည်ကြီး ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နဲ့ ဒကာမတို့ ကုဋီထဲမှာ မဖွယ်မရာ မေထုန်မှီဝဲပုံတွေ ပျံ့နှံ့နေတဲ့နောက် ထိုင်းနိုင်ငံ ဆိုက်ဘာရဲတပ်ဖွဲ့က ညစ်ညမ်းရုပ်ပုံ/ဗွီဒီယိုပုံတွေ ဖြန့်ဝေပါက ကွန်ပြူတာဥပဒေနဲ့ အရေးယူခံရနိုင်တယ်လို့ ထုတ်ပြန် သတိပေးလိုက်ပါတယ်။

စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်တဲ့ သတိပေးစာမှာ လက်ဆော့တတ်တဲ့သူတွေ လူမှုကွန်ရက်မှာ ညစ်ညမ်းရုပ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေ ပို့စ်တင်တာဟာ အများပြည်သူ ရှုမြင်နိုင်တဲ့ ကွန်ပြူတာစနစ်ထဲကို ညစ်ညမ်းအချက်အလက်တွေ ထည့်သွင်းတဲ့ ကွန်ပြူတာဥပဒေ ချိုးဖောက်ရာ မြောက်တယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်မှာ ပြင်ဆင်ပြဋ္ဌာန်းတဲ့ ကွန်ပြူတာဆိုင်ရာ ပြစ်မှု အက်ဥပဒေ ပုဒ်မ ၁၄၃ အရ  ထောင်ဒဏ် ၅ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမှာဖြစ်တယ်။

အဆိုပါ ညစ်ညမ်းရုပ်ပုံ / ဗွီဒီယိုဖိုင်တွေကို မူရင်းတင်သူ မဟုတ်ပေမဲ့လည်း ဆက်လက်ဖြန့်ဝေ (Share) တာ၊ တပါးသူထံ ဆက်လက်ပို့ပေးတာတွေလည်း ၂၀၁၇ ပြင်ဆင်ပြဋ္ဌာန်းတဲ့ ကွန်ပြူတာဆိုင်ရာ ပြစ်မှု အက်ဥပဒပုဒ်မ ၁၄ အရ ထောင်ဒဏ် ၅ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမှာဖြစ်တယ်။

ဒါကြောင့် လူမှုကွန်ရက် ဒါမှမဟုတ် အင်တာနက်ပေါ်မှာ ညစ်ညမ်းရုပ်ပုံ ဗွီဒီယိုဖိုင်တွေ ပို့စ်မတင် ကြဖို့၊ မဖြန့်ဝေကြဖို့ ခဏတာ စိတ်လိုက်မာန်ပါ လုပ်လိုက်ခြင်းကြောင့် ထောင်နံရံထဲ ရောက်သွား နိုင်တယ်လို့ ဆိုင်ဘာရဲတပ်ဖွဲ့က သတိပေးလိုက်တယ်လို့ ဆိုပါတယ်။

Source: Workpoint News / CM108 News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013