DVB Logo
Home
မြန်မာသတင်း
မိုးမိတ် PLA တပ်က ထိန်းသိမ်းထားသည့် ဆင်အကောင် ၆၀ ကို TNLA ထံ လွှဲပြောင်း
DVB
·
December 16, 2024
မိုးမိတ် PLA တပ်က ထိန်းသိမ်းထားသည့် ဆင်အကောင် ၆၀ ကို TNLA ထံ လွှဲပြောင်း
Donate to DVB

မန္တလေးတိုင်း၊ မိုးမိတ်မြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဆင်အကောင်ရေ ၁၃၈ ကောင်နဲ့အတူ ဆင်ဦးစီးမိသားစုဝင်တွေကို ထိန်းသိမ်းထားခဲ့ရာက ဆင်အကောင် ၆၀ ကို PSLF/TNLA တပ်ဖွဲ့ထံကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ PLA တပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

PLA ၂၂၂ တပ်ဖွဲ့အနေနဲ့ သပိတ်ကျင်းမြို့နယ်အတွင်းမှာရှိတဲ့ အများပြည်သူပိုင် ဆင်ဝိုင်း ၂၁ ဝိုင်းထဲက ၁၂ ဝိုင်းကို PSLF/TNLA တပ်ဖွဲ့က ထိန်းသိမ်းကာကွယ်သွားမှာဖြစ်တာကြောင့် ဆင်အကောင်ရေ ၆၀ ကို စာရင်းဇယား မှတ်တမ်းတွေနဲ့အတူ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

PLA တာဝန်ရှိသူ ရဲဘော် တော်လှန်သစ္စာက “TNLA တပ်ဖွဲ့နဲ့ PLA တပ်ဖွဲ့တို့အကြား မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့နဲ့ မဟာမိတ်တပ်ဖွဲ့တွေအချင်းချင်း အပြန်အလှန်လေးစားမှုတွေအရ ရေရှည်ခိုင်မြဲတဲ့ မဟာမိတ်အကျိုးကို ရည်ရွယ်ပြီး လွှဲပြောင်းပေးအပ်ခဲ့တာ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့အချိန်မှာ လိုအပ်တဲ့ တိုင်းပြည်ရဲ့ ပြယုဂ်ဖြစ်တဲ့ ဆင်ရတနာတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတာဖြစ်ပြီး လက်ရှိ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဆင် ၁၃၈ ကောင်ဟာ ပြည်သူအများစုပိုင်ဆိုင်တဲ့ ဆင်တွေ ဖြစ်ကြပြီး နိုင်ငံအတွင်း နှစ်ပေါင်းများစွာ ထိန်းသိမ်းရှင်သန်လာကြတာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းပြည်ရဲ့ ရတနာတွေ မပျောက်ပျက်စေဖို့ ဆင်မုဆိုးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ဖို့ စာရင်းဇယားမှတ်တမ်းတွေနဲ့တကွ ထိန်းသိမ်းထားခဲ့တာလို့လည်း PLA တပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ကျန်ရှိနေတဲ့ ဆင်တွေကိုလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေနဲ့ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ထားမှာဖြစ်ပြီး ဆင်ဦးစီးမိသားစုတွေ အပါအဝင် ဆင်တွေပါ ကျန်းမာတယ်လို့ ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013