DVB Logo
Home
နိုင်ငံတကာ
စတော့ဟုမ်းမြို့တွင် ဂျင်းဂျာဘရက် မုန့်အိမ်ပြိုင်ပွဲ ကျင်းပ
DVB
·
December 16, 2024
စတော့ဟုမ်းမြို့တွင် ဂျင်းဂျာဘရက် မုန့်အိမ်ပြိုင်ပွဲ ကျင်းပ
Donate to DVB

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့က အာ့ခ်ဒက်စ် ပြတိုက်မှာ နှစ်စဉ်ကျင်းပတဲ့ ဂျင်းဂျာဘရက် မုန့်အိမ်ပြိုင်ပွဲမှာ မုန့်ဖုန့်သမားတွေ၊ ဒီဇိုင်နာတွေဟာ ရောင်စုံမုန့်အမျိုးမျိုးနဲ့အလှဆင်ထားတဲ့ အိမ်ကလေးတွေနဲ့ ဒီဇင်ဘာ ၁၅ ရက်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီနှစ်အတွက် ရွေးချယ်ထားတဲ့ “တကျော့ပြန်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဂျင်းဂျာဘရက် မုန့်အိမ်တွေကို ဖန်တီးခဲ့ကြပါတယ်။

ဂျင်းနံ့သင်းတဲ့ ဘီစကစ်တွေနဲ့ ဖန်တီးတဲ့ အိမ်ကလေးတွေကို သကြားချောင်းတွေ၊ သကြားနှင်းခဲတွေနဲ့ အလှဆင်ထားကြတာဖြစ်ပါတယ်။

တောင်သူအိမ်လေးတွေကနေ ဝီလီဝမ်ကာရဲ့ ချောကလက်စက်ရုံနဲ့ ၂၀၂၅ မှာ ပြန်ပေါင်းထုပ်ပြီး ကမ္ဘာလှည့်ဖျော်ဖြေမယ့် အိုအေစစ်အဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲပုံစံအထိ ပါဝင်ပါတယ်။

ပြတိုက်လာရောက်သူတွေရဲ့ မဲပေးရွေးချယ်မှုအရ ပရိသတ်ရွေးချယ်တဲ့ဆုကို ဝီလီဝမ်ကာရဲ့ ချောကလက်စက်ရုံပုံစံ ဖန်တီးထားတဲ့အဖွဲ့က ရရှိခဲ့ပါတယ်။

ဒီပွဲကို ၁၉၉၀ ပြည့်နှစ်ကတည်းက နှစ်စဉ်နီးပါး ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်ဟာ ၃၂ ကြိမ်မြောက် ဖြစ်ပါတယ်။

အာ့ခ်ဒက်စ်ပြတိုက်ရဲ့ ယာယီညွှန်ကြားရေးမှူး ကာရင် နီလ်ဆင်က “ဒါဟာ ခရစ္စမတ်ကို စတင်တဲ့ နည်းလမ်းတခုပါ။ ခရစ္စမတ်နဲ့ ခရစ္စမတ်စိတ်ဓာတ်ကို ဂုဏ်ပြုတဲ့ပြပွဲပါ။ လူတွေ အတူတကွ စုဝေးဖို့၊ အိမ်တလုံးကို အတူတူဖန်တီးဖို့နဲ့ ပြတိုက်ကိုလာပြီး ပြပွဲကို အတူတကွ ကြည့်ရှုခံစားဖို့ နည်းလမ်းတခု ဖြစ်ပါတယ်” လို့လည်း ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013