DVB Logo
Home
မြန်မာသတင်း
အေးသာယာတွင် Mytel ကလွဲပြီး ဖုန်းလိုင်းများပြတ်နေ
DVB
·
December 14, 2024
အေးသာယာတွင် Mytel ကလွဲပြီး ဖုန်းလိုင်းများပြတ်နေ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ Mytel လိုင်းကလွဲလို့ ကျန်တဲ့ဖုန်းလိုင်းတွေ ဆက်သွယ်မရဘူးလို့ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အေးသာယာမြို့ဟာ တောင်ကြီးမြို့ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး စစ်ကောင်စီအငြိမ်းစားအရာရှိတွေ နေထိုင်ရာဖြစ်သလို တောင်အဆင်းလမ်း ထုံးဘိုရွာမှာ ပြည်နယ်အဆင့်ရုံး ၃ ခုအထိ ရှိနေပေမဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး စစ်ကောင်စီပိုင် Mytel ဖုန်းလိုင်းကလွဲလို့ ကျန်အော်ပရေတာတွေ ဆက်သွယ်မရဖြစ်နေတာပါ။

အေးသာယာမြို့ခံတယောက်က “ဂျမ်မာထောင်ထားလို့ လို့ပြောတယ်။ ၆ ရက်လောက်ရှိပြီ။ ထုံးဘိုနားတဝိုက် ဘာလိုင်းမှမရဘူး။ ကားဝန်းဟိုဘက်က အေးသာယာဂေါက်ကွင်းနား တဝိုက်လည်း မရဘူး။ ရလည်း ခဏတဖြုတ်ပဲ။ ဖုန်းအသံက ထစ်ထစ်နေတာ။ မြို့သစ်ဘက်တော့ ဝေးတယ်။ ဆက်လို့ ရသေးတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(နတလရုံး)၊ ပြည်နယ်အကျဉ်းဦးစီးမှူးရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရှိရာနဲ့ အေးသာယာဂေါက်ကွင်းတို့မှာ စစ်ယာဉ်တန်းတွေ ဝင်ထွက်သွားလာအပြီး အခုလို့ လိုင်းတွေ မရတော့တာလို့ သိရပါတယ်။

လိုင်းကားမောင်းသူတယောက်က “တောင်ပေါ်ရတယ်။ အဆင်းလမ်းကစပြီး လိုင်းပျောက် တိုင်ပျောက်။ Pro One(ကုန်တိုက်)နားရောက်ရင် တခါ ပြန်မိတယ်။ ကားဝန်းနားဆို ပျောက်ပြန်ရော။ တပတ်ကျော်ပြီ”လို့ ပြောပါတယ်။

အော်ပရေတာ ၃ ခုစလုံး လိုင်းပြတ်တောက်နေတာကြောင့် စစ်တပ်ပိုင် Mytel ဆင်းမ်ကတ်တွေ ဝယ်ယူသုံးစွဲနေရသူတွေရှိနေသလို ဝိုင်ဖိုင်အသုံးပြုပြီး ဆက်သွယ်နေရသူတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013