DVB Logo
Home
နိုင်ငံတကာ
TikTok အပေါ် တားမြစ်ချက်ကို ရပ်ဆိုင်းရန် တောင်းဆိုချက် အမေရိကန်တရားရုံး ပယ်ချ
DVB
·
December 14, 2024
TikTok အပေါ် တားမြစ်ချက်ကို ရပ်ဆိုင်းရန် တောင်းဆိုချက် အမေရိကန်တရားရုံး ပယ်ချ
Donate to DVB

အမေရိကန် အယူခံတရားရုံးဟာ တရုတ် အင်တာနက်နည်းပညာကုမ္ပဏီကြီး ဘိုက်ဒန့်စ်မှ တည်ထောင်ထားတဲ့ တစ်တော့ခ် ဆိုရှယ်မီဒီယာ အက်ပ်ကို  ဇန်နဝါရီ ၁၉ ရက် နောက်ဆုံးထားပြီး ဖယ်ရှားဖို့ သို့မဟုတ် အက်ပ်အပေါ်  အမေရိကန်မှ တားမြစ်ထားချက်ကို ရပ်ဆိုင်းပေးဖို့ တစ်တော့ခ်ရဲ့ အရေးပေါ်တောင်းဆိုချက်ကို  ဒီဇင်ဘာ ၁၃ ရက်မှာ ပယ်ချလိုက်ပြီး သူ့ရဲ့မိခင် ကုမ္ပဏီ ဘိုက်ဒန့်စ်ကလည်း တရားရုံးချုပ်ကို အယူခံဝင်မယ်လို့ ပြောကြားလိုက်ပါတယ်။ 

ဒီဇင်ဘာ ၁၃ ရက် စီရင်ချက်ဟာ ဆိုင်းငံ့ပိတ်ပင်မှုကို ရပ်တန့်ဖို့ ကြိုးပမ်းမှုအနေနဲ့ အခု တရားရုံးချုပ်ကို အမြန်ရွှေ့ပြောင်းရမယ်လို့ ဆိုလိုတာပါ။ 

တစ်တော့ခ်ဟာ အမေရိကန်တားမြစ်ချက်တွေအတွက် ဘိုက်ဒန့်စ်ကုမ္ပဏီက လိုအပ်မယ့် ဥပဒေ တခုကို ယာယီတားမြစ်ပေးဖို့ အရေးပေါ်တောင်းဆိုခဲ့တာပါ။ 

တစ်တော့ခ်နဲ့ ဘိုက်ဒန့်စ် တို့ဟာ ဒီဇင်ဘာ ၉ ရက်က ကိုလံဘီယာခရိုင်ဆိုင်ရာ အမေရိကန် အယူခံတရားရုံးကို အရေးပေါ် အဆိုပြုပြီး သူတို့ရဲ့အမှုကို အချိန်ပိုပေးဖို့ အမေရိကန်တ ရားရုံးချုပ်ကို တင်ပြခဲ့ပါတယ်။ 

တရားရုံး အရေးယူမှုမရှိဘဲ ပြည်တွင်းမှာ လစဉ်အသုံးပြုသူ သန်း ၁၇၀ ကျော်အတွက် နိုင်ငံရဲ့ ရေပန်းအစားဆုံး စကားပြောပလပ်ဖောင်းတွေထဲမှ တခုဖြစ်တဲ့ တစ်တော့ခ်ကို ဥပဒေအရ ပိတ်ပစ်လိမ့်မယ်လို့ ကုမ္ပဏီတွေက သတိပေးထားပါတယ်။ 

တစ်တော့ခ် ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်းမရှိပါဘူး။

ဥပဒေအရ တစ်တော့ခ်ကို ဘိုက်ဒန့်စ်မှ ဇန်နဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှား မပေးရင် ပိတ်ပစ်တော့မှာဖြစ်ပါတယ်။ 

ဒီဥပဒေဟာ အမေရိကန်အစိုးရကို အမေရိကန်ပြည်သူတွေရဲ့ ဒေတာစုဆောင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာနိုင်တဲ့ တခြားနိုင်ငံခြားပိုင်အက်ပ်တွေကိုလည်း သိမ်းကျုံး ပိတ်ပင်နိုင်စေတဲ့ အခွင့်အာဏာ အပ်နှင်းထားတာ ဖြစ်ပါတယ်။

"တစ်တော့ခ် အပလီကေးရှင်းကို တရုတ်က ဆက်လက်ထိန်းချုပ်ထားမှုက နိုင်ငံတော်လုံခြုံရေးကို ဆက်တိုက်ခြိမ်းခြောက်နေတယ်" လို့ အမေရိကန်တရားရေးဌာနက စောဒကတက်ထားပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013