DVB Logo
Home
မြန်မာသတင်း
တောင်ပိုင်းစစ်ဒေသတိုက်ပွဲများ၌ ၆ လအတွင်း စစ်တပ်ဘက်က ၉၅၀ ကျော်သေဆုံး
DVB
·
December 14, 2024
တောင်ပိုင်းစစ်ဒေသတိုက်ပွဲများ၌ ၆ လအတွင်း စစ်တပ်ဘက်က ၉၅၀ ကျော်သေဆုံး
Donate to DVB

းခဲ့တဲ့ ၆ လအတွင်း တောင်ပိုင်းစစ်ဒေသနယ်မြေကတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၉၅၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်း စစ်ဒေသရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဇွန်လကနေ နိုဝင်ဘာလအထိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရစာရင်းအရ ၉၅၂ ယောက်သေဆုံးပြီး ၆၉၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဩဂုတ်လထဲမှာတော့ စစ်ကောင်စီဘက်က ၂၂၅ ယောက် သေဆုံးပြီး ၁၇၄ ယောက် ဒဏ်ရာရခဲ့ တာကြောင့် အများဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ အပြန်အလှန်ထိတွေ့တိုက်ပွဲပေါင်း ၄၂ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကြောင်းတွေကို ဒရုန်း ၃၈ ကြိမ်နဲ့ အထက်တိုက်ခိုက်ခဲ့သလို မိုင်း၊ လက်နက်ကြီးတို့နဲ့ အနည်းဆုံး ၁၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား ၁၄၉ ယောက် သေဆုံး၊ ၈၉ ယောက် ဒဏ်ရာရပြီး ၆ ယောက်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီကို အလင်းဝင်ရောက် ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၉ ယောက် တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ပြီး ၃၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒရုန်းတစီးလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာတလအတွင်း စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူ ၁၇ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၅၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်အခြေအနေအရ မတိကျတဲ့အချက်အလက်တွေကို ချန်ထားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးတဲ့အရေအတွက်ဟာ ဒါထက် များနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ၊ LDF တွေ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည် တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်(AD) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းခဲ့ကြတာလို့ ဆိုပါတယ်။

နိုဝင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့ ကူးဆိပ်စခန်းနဲ့ မထောစခန်းတို့ကိုလည်း KNLA/PDF/BPLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသလို နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၆ ရက်နေ့အထိ ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်စခန်းနဲ့ စစ်ကြောင်းတွေကို လက်ဦးသွားရောက်တိုက်ခိုက်ခဲ့တာ ၄၂ ကြိမ်ရှိပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၆၁ ယောက်သေဆုံးတာကို အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013