DVB Logo
Home
နိုင်ငံတကာ
တရုတ်သိပ္ပံပညာရှင်လူချီ ကို ကုလသမဂ္ဂက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမြင့်ဆုံးဆုချီးမြှင့်
DVB
·
December 13, 2024
တရုတ်သိပ္ပံပညာရှင်လူချီ ကို ကုလသမဂ္ဂက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမြင့်ဆုံးဆုချီးမြှင့်
Donate to DVB

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် (UNEP) က တရုတ်နိုင်ငံက သိပ္ပံပညာရှင် လူချီ ကို ၂၀၂၄ ခုနှစ် အတွက် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထူးချွန်ဆု ၆ ဆု ချီးမြှင့်ခံရသူတွေထဲက တယောက်အဖြစ်ရွေးချယ် ဂုဏ်ပြုလိုက်တယ်လို့ ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပါတယ်။

လူချီဟာ တရုတ်နိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုနဲ့ သဲကန္တာရတွေကို တိုက်ဖျက်ရေးမှာ ဆယ်စုနှစ် ၃ ခုကြာလုပ်ဆောင်ခဲ့လို့ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့တာပါ။

ဒီဆုဟာ သဘာဝပတ်ဝန်းကျင်အပေါ် အသွင်ပြောင်းလွှမ်းမိုးမှုရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေနဲ့ အဖွဲ့အစည်းတွေကို အသိအမှတ်ပြုတာဖြစ်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်ပါတယ်။ လူချီဟာ သိပ္ပံနဲ့ ဆန်းသစ်တီထွင်မှု အမျိုးအစားမှာ ဂုဏ်ပြုခံရတဲ့ ပထမဆုံး တရုတ်လူမျိုးဖြစ်ပါတယ်။

တရုတ်သစ်တောအကယ်ဒမီက သိပ္ပံပညာရှင်ကြီးလူချီဟာ ကမ္ဘာ့အကြီးဆုံး သစ်တောပျိုးထောင်မှု စီမံကိန်းကိုဆောင်ရွက်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ကျွမ်းကျင်သူ သုတေသနကွန်ရက်တွေနဲ့ မိတ်ဖက်တွေကို ထူထောင်ရာမှာ အဓိကအခန်းကဏ္ဍ ကနေ ပါဝင်ခဲ့တယ်လို့ UNEP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဖရိကသမဂ္ဂက ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တဲ့ Great Green Wall Institute ရဲ့ ဥက္ကဋ္ဌ လူချီဟာ အာဖရိကတိုက်ရဲ့ ပျက်စီးယိုယွင်းနေတဲ့ မြေယာရှုခင်းတွေကို ပြန်ထိန်းသိမ်းဖို့နဲ့ ဆာဟဲ ကန္တာရထဲက သန်းပေါင်းများစွာသော လူနေမှုဘဝတွေကို ပြောင်းလဲဖို့ သဲကန္တာရ၊ မြေအရည်အသွေးကျဆင်းမှုနဲ့ မိုးခေါင်မှုကို တိုက်ဖျက်ဖို့ ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ခဲ့ပါတယ်။

အခုလို အသိအမှတ်ပြုမှုဟာ ဒီအစီအစဉ်အပေါ် သူ့ရဲ့ လုပ်ဆောင်ချက်နဲ့  နီးနီးကပ်ကပ် ဆက်စပ် နေတယ်လို့ သိပ္ပံနဲ့ ဆန်းသစ်တီထွင်မှုကဏ္ဍမှာ ဆုချီးမြှင့်တဲ့အကြောင်း ပြောကြားရာမှာ Three-North လေကာ ခါးပတ်လမ်း သစ်တောစိုက်ပျိုးရေး အစီအစဉ် တရုတ်နိုင်ငံ သုတေသန အကယ်ဒမီက ဒါရိုက်တာ လူချီက ပြောပါတယ်။

ဒီအစီအစဉ်ဟာ သဲကန္တာရ ဖြစ်ထွန်းမှု တိုက်ဖျက်ရေးနဲ့ ဂေဟစနစ်ကို ပြန်လည်ထူထောင်ရေး တရုတ် နိုင်ငံရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ တရုတ်နိုင်ငံ အနောက်မြောက်၊ မြောက်နဲ့ အရှေ့မြောက်ဒေသတို့က အကြီးစားသစ်တောစီမံကိန်းတွေကို ရည်ညွှန်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013