DVB Logo
Home
မြန်မာသတင်း
ကလေးနှင့်မတ္တရာမြို့နယ်တို့တွင်  စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူများသေဆုံးဒဏ်ရာရ
DVB
·
December 13, 2024
ကလေးနှင့်မတ္တရာမြို့နယ်တို့တွင်  စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူများသေဆုံးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်းအတွင်းက ကလေးမြို့နယ်နဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကိုယ်ဝန်ဆာင်အမျိုးသမီးအပါအဝင် ကလေးသူငယ်နဲ့ ပြည်သူ သေဆုံးဒဏ်ရာရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်၊ နတ်မြောင်းရွာကို ဒီဇင်ဘာ ၁၂ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်အပါအဝင် ဒေသခံအမျိုးသမီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကလေးမြို့ စစ်ကောင်စီအမြောက်တပ်ကနေ ၁၅၅ မမ အပါအဝင် မစ်ဇိုင်း၊ ဟောင်ဝစ်ဇာလက်နက်တွေနဲ့ပါ တောက်လျှောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့ သပိတ်ဦးဆောင်သူတယောက်က “ဒေါ်ဥမ္မာဝင်းအသက် ၃၉ နှစ်၊  ဒေါ်ကြင်စိန် အသက် ၇၀၊ မနွေးနွေး အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီတို့ဖြစ်ကြပါတယ်ဗျ။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး။ ဒဏ်ရာရသူတွေက တင်ပါးတွေ၊ လက်မောင်းရယ်၊ လည်ပင်းတွေရယ် ထိတာပေါ့။ ကိုယ်ဝန်‌ဆောင်မိခင်ကတော့ ညာဘက်လက်မောင်းထိတာပေါ့” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၆ ရက်‌ကလည်း ကလေးမြို့နယ်အတွင်းကို စစ်တပ်က  လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ဒိုးနွယ်ရွာက ဒေသခံအမျိုးသားတယောက် လည်ပင်းမှာ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးခဲ့တယ်လို သိရပါတယ်။

အလားတူ မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်‌မြောက်ခြမ်း စကျင်ရွာကိုလည်း ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီလောက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စကျင်ရွာဟာ မတ္တမြို့ရဲ့မြောက်ဘက် ၇ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျေးရွာကြီး တရွာဖြစ်တယ်လို့လည်း သိရပါတယ်။

မတ္တရာမြို့နယ် ဒေသခံ တယောက်က “ကျနော်တို့ မတ္တရာမြို့ ဘောလုံးကွင်းကနေ ပစ်တဲ့ လက်နက်ကြီးအလုံးက ရွာအရှေ့ပိုင်း ဖုန်းတာဝါတိုင်အနီးကို ကျပြီး ပေါက်ကွဲတာပါ။ အဲဒီကနေ လွင့်စင်လာတဲ့ လက်နက်ကြီး အပိုင်းအစတွေက လူတွေကို ထိမှန်ပြီး အခုလို သေဆုံးရတာပါ။ အမျိုးသားတဦး၊ အမျိုးသမီးတ ဦးနဲ့ ကလေးငယ်တဦး  နေရာတင်ပွဲချင်းပြီး သေဆုံးရတယ်ဗျ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်ဗျ။ လူနေအိမ်လည်း ၄ လုံးလောက် ပျက်စီးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်ကြောင်း ၃ ကြောင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ စစ်ကြောင်း ၂ ကြောင်း၊ စုစုပေါင်း စစ်ကြောင်း ၅ ကြောင်းနဲ့ ဒေသတွင်း စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013