DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာကျော် ပြင်သစ်မိဖုရား၏ Smart Watch နာရီ လန်ဒန်တွင် ပြသ
DVB
·
December 12, 2024
ကမ္ဘာကျော် ပြင်သစ်မိဖုရား၏ Smart Watch နာရီ လန်ဒန်တွင် ပြသ
Donate to DVB

‘ပေါင်မုန့်မရှိရင် ကိတ်မုန့်စား’ ဆိုတဲ့ စကားနဲ့ နာမည်ကျော်ခဲ့တဲ့ ပြင်သစ်ဘုရင်မ မာရီအန်တိုနတ်တီရဲ့  Smart watch ကို လန်ဒန်မှာ ပြသထားပါတယ်။ 

ဗာဆိုင်းနန်းတော်ရဲ့ တော်ဝင်မျိုးနွယ်တွေ အသုံးပြုခဲ့တဲ့ သိပ္ပံပစ္စည်းတွေကို ပြထားတာဖြစ်ပြီး လူဝီ-၁၆ ဘုရင်ရဲ့ မိဖုရား မာရီအန်တိုနတ်တီရဲ့ နာရီလည်း ပါဝင်နေတာပါ။ ဒီနာရီက အလှပဆုံးထဲက တခုဖြစ်သလို ရှုပ်ထွေးပြီး ဈေးအကြီးဆုံး နာရီလည်း ဖြစ်ပါတယ်။ 

၁၇၈၃ ခုနှစ်မှာ စတင်ပြုလုပ်စေခဲ့တဲ့ ဒီနာရီဟာ ၁၇၉၃ ခုနှစ် မိဖုရား ခေါင်းဖြတ် ကွပ်မျက်ခံရတဲ့ အချိန်အထိ မပြီးသေးဘူးလို့လည်း ဆိုပါတယ်။ 

လန်ဒန်ရှိ သိပ္ပံပြတိုက် ဦးဆောင်ကျင်းပသူတယောက်ဖြစ်တဲ့ ဒေါက်တာ မော်ဂန်က “ဒီနာရီဟာ အဲ့ဒီအချိန်တုန်းက Smart watch တလုံးပါ။ သူ့မှာ စတော့ဝက်ချ်၊ သာမိုမီတာ၊ ရှော့ဘား၊ ဆပ်ဝင်း၊ ကလန်ဒါ တို့ပါဝင်ပါတယ်။ ဒီနာရီဟာ လှပပြီး တကယ့်အံ့ဩစရာ နာရီတစ်လုံးပါ” လို့ ပြောပါတယ်။

ဗာဆိုင်းရဲ့ သိပ္ပံအသုံးအဆောင်ပစ္စည်းပြပွဲကို ကြည့်ခြင်းအားဖြင့် အဲ့ဒီအချိန်က သိပ္ပံနဲ့ပတ် သက်ပြီးဗဟုသုတ၊ နာရီပြုလုပ်ပုံ၊ ဖက်ရှင်ကျမှု၊ ၁၇၊ ၁၈ ရာစုတို့က ပြင်သစ်တွေရဲ့ အသုံး အဆောင် ပစ္စည်းတွေ ဘယ်လောက် ဂုဏ်သိက္ခာ ရှိလဲဆိုတာ တွေ့ရမှာပါ။

ဗာဆိုင်းသိပ္ပံနဲ့ ခန်းနားမှုပြပွဲကို ဒီဇင်ဘာလ ၁၂ ရက်ကနေ စတင်ပြသနေပြီး ၂၀၂၅ ခုနှစ် ဧပြီလအထိ ပြသသွားမှာဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013