DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် ဓာတ်ဆီ ၁ လီတာ ၅၀၀၀‌ ကျော် အထိဖြစ်လာ
DVB
·
December 12, 2024
မုံရွာမြို့တွင် ဓာတ်ဆီ ၁ လီတာ ၅၀၀၀‌ ကျော် အထိဖြစ်လာ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီဇင်ဘာ ၆ ရက်က စတင်ပြီး ဒီဇင်ဘာ ၁၁ နေ့အထိ ဓာတ်ဆီဈေးဟာ  ၅၀၀၀‌ ကျော်အထိ ဖြစ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်းတခုလုံးကို စက်သုံးဆီဝယ်ယူရောင်းချမှု ကန့်သတ်တော့ မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီး နောက် အခုလို စက်သုံးဆီ ဈေးနှုန်းများ မြင့်တက် လာတာလို့ ဆိုပါတယ်။

မုံရွာမြို့ သလ္လာရပ်ကွက်နေ ပြည်သူတယောက်က “အခုလို စက်သုံးဆီဈေးမြင့်တက်ပြီး လိုသလောက်ရမယ်မထင်နဲ့ အကိုရေ တန်းစီပြီးမှ ဝယ်ယူရတာဗျ။ အဲလိုတန်းစီဝယ်ယူရတာ ဒီဇင်ဘာ ၆ ရက်ကနေ ဒီနေ့ဒီဇင်ဘာ ၁၁ နေ့ အထိ ဆိုရင် ၆ ရက်အထိရှိပြီဗျ။ ကျ‌နော်တို့ ဒီဇင်ဘာ ၅ ရက်က စက်သုံးဆီ ၉၂ ၁ လီတာကို ၃,၂၀၀ ကျပ်၊ ၉၅ ၁ လီတာကို ၃,၅၀၀ ကျပ် ပေါက်စျေးရှိခဲ့ပေမဲ့ ဒီဇင်ဘာ ၁၁ရက်မှာတော့ ၉၂ ၁ လီတာကို ၅၂၀၀ ကျပ်၊ ၉၅ ၁ လီတာကို ၆၄၀၀ ကျပ်ထိ စျေးတွေ တက်လာခဲ့တာဗျ။ အဲဒီဈေးတွေက တန်းစီဝယ်ယူတဲ့ ဈေးတွေ ပေါ့။ အပြင်မှာဆိုရင် တလီတာကို ၇၀၀၀ ကျော်အထိ ပေးဝယ်ရတယ်” လို့ ပြောပါတယ်။

အရပ်သားပြည်သူတွေကတော့ ဓာတ်ဆီဈေးမြင့်တက်လို့ ဓာတ်ဆီရရှိဖို့ရာ မနက်အစောပိုင်း ၆ နာရီလောက်ကနေစတင်ကာ ဓာတ်ဆီဆိုင်ကြီးတွေမှာ တန်းစီဝယ်ယူနေကြရပြီး  ဓာတ်ဆီဆိုင်တွေကလည်း ဆီရောင်‌‌ချမှုကို မနက် ၁၁ နာရီအထိသာ ရောင်းချ နေတယ်လို့ သိရပါတယ်။

မုံရွာမြို့ ထန်တောရပ်ကွက် နေပြည်သူတယောက်က “ကျနော်တို့အမြင်ကတော့  ဆီဆိုင်မှာ ဆီရှိလျက်နဲ့ကို မရောင်းကြဘဲ ဈေးအတက်ကို စောင့်နေတယ်ဗျ။ ဆီဈေးကလည်း တရက်ခြားတက်နေတာပဲ။ ဆီဆိုင်ကနေ ဆီမရလို့ ရပ်ကွက်တွေထဲကရောင်းတဲ့ ဆီဆိုင်တွေ သွားထည့်ရင် တလီတာကို ၇၀၀၀ ကျော်အထိ ပေးရတယ်” လို့ ပြောပါတယ်။

မုံရွာမြိုမှာ စက်သုံးဆီ ဈေးမြင့်တက်လာတာကြောင့် အခြေခံ‌လုပ်သားတွေနဲ့ အသေးစားလုပ်ငန်းရှင်တွေ တနေ့တခြား အခက်အခဲကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013