
အက်စ်တန်နာနဲ့ ယူရိုကွန်းဖရင့်လိဂ်ပွဲကစားဖို့ မိုင် ၃၇၀၀ အထိခရီးနှင်ရမယ့်အပေါ် သာမန်မဟုတ် ကြောင်းချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ လာမယ့် ဒီဇင်ဘာ ၁၃ ရက်မှာ ကာဇက်စတန်ကလပ် အက်စ်တန်နာနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
လန်ဒန်မြို့နဲ့ မိုင်ပေါင်း ၃၇၀၀ ခန့်ဝေးကွာပြီး လေယာဉ် ၈ နာရီကြာ စီးပြီးခရီးနှင်ရမယ့်အပေါ် နည်းပြမာရက်စကာက မကျေမနပ်ဖြစ်ခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့မှာ ကစားရမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲအမီ သောကြာနေ့ မနက်ပိုင်းမှာ လန်ဒန်ကို ပြန်ရောက်မှာဖြစ်ပြီး သာမန်မဟုတ်ပေမဲ့လည်း အတတ်နိုင်ဆုံး အကောင်းဆုံး စွမ်းဆောင်ရည်ရဖို့ ကြိုးပမ်းမယ်လို့ နည်းပြမာရက်စ်ကာက ပြောပါတယ်။
ချဲလ်ဆီးဟာ ကာဇက်စတန်ဆီသွားရောက်ရာမှာ ယူကရိန်း၊ ရုရှားနဲ့ ဆီးရီးယား ပဋိပက္ခတွေကြောင့် အဲဒီနိုင်ငံတွေပေါ်ကနေ ဖြတ်သန်းခွင့်ရမှာဟုတ်တာကြောင့် လေယာဉ် တဆင့်နဲ့ မရောက်ဘဲ ၂ ဆင့် စီးသွားရမှာဖြစ်တယ်လို့ သိရပါတယ်။
Photo-Reuters