DVB Logo
Home
အားကစား
ကွန်းဖရင့်လိဂ်ပွဲကစားရန် မိုင်၃၇၀၀ ခရီးနှင်ရမည့် အပေါ်  ချဲလ်ဆီးနည်းပြ ဝေဖန်
DVB
·
December 12, 2024
ကွန်းဖရင့်လိဂ်ပွဲကစားရန် မိုင်၃၇၀၀ ခရီးနှင်ရမည့် အပေါ်  ချဲလ်ဆီးနည်းပြ ဝေဖန်
Donate to DVB

အက်စ်တန်နာနဲ့ ယူရိုကွန်းဖရင့်လိဂ်ပွဲကစားဖို့ မိုင် ၃၇၀၀ အထိခရီးနှင်ရမယ့်အပေါ် သာမန်မဟုတ် ကြောင်းချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။ 

ချဲလ်ဆီးအသင်းဟာ လာမယ့် ဒီဇင်ဘာ ၁၃ ရက်မှာ ကာဇက်စတန်ကလပ် အက်စ်တန်နာနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

လန်ဒန်မြို့နဲ့ မိုင်ပေါင်း ၃၇၀၀ ခန့်ဝေးကွာပြီး လေယာဉ် ၈ နာရီကြာ စီးပြီးခရီးနှင်ရမယ့်အပေါ် နည်းပြမာရက်စကာက  မကျေမနပ်ဖြစ်ခဲ့တာပါ။ 

ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့မှာ ကစားရမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲအမီ သောကြာနေ့ မနက်ပိုင်းမှာ လန်ဒန်ကို ပြန်ရောက်မှာဖြစ်ပြီး  သာမန်မဟုတ်ပေမဲ့လည်း အတတ်နိုင်ဆုံး အကောင်းဆုံး စွမ်းဆောင်ရည်ရဖို့ ကြိုးပမ်းမယ်လို့ နည်းပြမာရက်စ်ကာက ပြောပါတယ်။

ချဲလ်ဆီးဟာ ကာဇက်စတန်ဆီသွားရောက်ရာမှာ ယူကရိန်း၊ ရုရှားနဲ့ ဆီးရီးယား ပဋိပက္ခတွေကြောင့် အဲဒီနိုင်ငံတွေပေါ်ကနေ ဖြတ်သန်းခွင့်ရမှာဟုတ်တာကြောင့် လေယာဉ် တဆင့်နဲ့ မရောက်ဘဲ ၂ ဆင့်  စီးသွားရမှာဖြစ်တယ်လို့ သိရပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013