ပဲလေ့စ်နဲ့ ဗယ်လက်ကာနိုတို့ ကစားမဲ့ ကွန်းဖရင့်လိဂ်ဗိုလ်လုပွဲမတိုင်ခင် လိုက်ပ်ဇစ်မြို့မှာ နှစ်ဖက်ပရိသတ်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ကြာသပတေးနေ့မနက် ပွဲစဉ်အတွက် ရောက်နေတဲ့ အင်္ဂလန်နဲ့ စပိန်ပရိသတ်တွေ ဘားတခုအနီးမှာ အပြန်အလှန် ပစ်ပေါက် အဓိကရုဏ်းဖြစ်ခဲ့လို့ ရုန်းရင်းဆန်ခတ်ဖြစ်သူ အများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ဒီပွဲဟာ ပဲလေ့စ်နည်းပြ အိုလီဗာဂလတ်စနာအတွက် နောက်ဆုံးကိုင်တွယ်မဲ့ပွဲဖြစ်ပြီး အသင်းခေါင်းဆောင် ဒင်းဟန်ဒါဆန်ကလည်း နည်းပြကြီးအတွက် ဖလားနဲ့အတူ နှုတ်ဆက်ချင်နေတာ ဖြစ်ပါတယ်။
ပဲလေ့စ်ဘက်မှာတော့ ဒဏ်ရာရနေတဲ့ ခရစ်ရစ်ချက်စ်နဲ့ အာဒမ်ဝှာတန်တို့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီဖြစ်လို့ ပွဲထွက်နိုင်မလား ဆိုတာကို ပွဲမစခင်မှာ အတည်ပြုသွားမှာ ဖြစ်ပါတယ်။










