ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ရှက်တာဒိုးနက်ကို ဆဲလ်ဟတ်စ်ပါ့ခ်ကွင်းမှာ (၂-၁) ဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း (၅-၂) ဂိုးနဲ့ ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲကို သမိုင်းဝင် တက်ရောက်သွားပါတယ်။
စတင်ယှဉ်ပြိုင်ချိန်က ကွန်ဖရင့်လိဂ်ကို မကစားချင်လို့ အယူခံဝင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဥရောပနိုင်ငံပေါင်းများစွာကို ဖြတ်ကျော်ပြီး အခုလို ဗိုလ်လုပွဲအထိ တက်ရောက်လာနိုင်ခဲ့တာပါ။
လာမဲ့ မေ ၂၇ ရက် လိုက်ပ်ဇစ်မြို့မှာ စပိန်ကလပ် ရာယိုဗယ်လက်ကာနိုနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
လာမဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာမဲ့ နည်းပြ အိုလီဗာဂလက်စနာ အတွက်တော့ ဒါဟာ တတိယမြောက် ဆုဖလားကို ဆွတ်ခူးနိုင်မဲ့ အခွင့်အရေးပါ။
ဒီလိုအောင်မြင်မှုဟာ ခက်ခဲတဲ့အချိန်တွေမှာ စည်းလုံးညီညွတ်စွာ ကြိုးစားခဲ့ကြလို့ ရရှိတဲ့ ရလဒ်ဖြစ်တယ်လို့ နည်းပြက မှတ်ချက်ပေးခဲ့တယ်လို့ BBC က ဖော်ပြပါတယ်။










