DVB Logo
Home
မြန်မာသတင်း
ပရဟိတအသင်းမှတ်ပုံတင်ကြေး ကျပ်သိန်းရာချီသွင်းရသဖြင့် အသင်းအချို့ ရပ်နားရနိုင်
DVB
·
December 11, 2024
ပရဟိတအသင်းမှတ်ပုံတင်ကြေး ကျပ်သိန်းရာချီသွင်းရသဖြင့် အသင်းအချို့ ရပ်နားရနိုင်
Donate to DVB

မြန်မာနိုင်ငံမှာ အရပ်ဘက်လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်မယ့်အသင်းတွေဟာ ၂၀၂၄ နိုဝင်ဘာလကစလို့ ပြည်ထောင်စု၊ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် မှတ်ပုံတင်ကြေးတွေကို စစ်ကောင်စီက ကျပ်သိန်းရာနဲ့ချီပေးသွင်းခိုင်းတယ်လို့  အသင်းတွေက ပြောပါတယ်။

စာဖြင့်ထုတ်ပြန်ချက် အတိအကျမရှိသေးပေမဲ့ တိုင်းဒေသကြီးနဲ့ ပြည်ထောင်စုအဆင့်တွေမှာ မှတ်ပုံတင်ရင် သိန်း ၅၀၀ ငွေစာရင်းပြသနိုင်မှ တရားဝင်ဖြစ်နေခဲ့တာပါ။

ဒီဇင်ဘာလထဲမှာတော့ တရားဝင်မှတ်ပုံတင်နေတဲ့ အသင်းတွေထဲမှာ တိုင်းအဆင့်အသင်းတွေက ကျပ်ငွေ သိန်း ၅၀၀၊ ပြည်ထောင်စုအဆင့်အသင်းတွေက သိန်း ၁၀၀၀၊ ခရိုင်အဆင့်က သိန်း ၃၀၀၊ မြို့နယ်အဆင့်က သိန်း ၁၅၀ အထိ ဘဏ်စာအုပ်မှာ ပိုက်ဆံပမာဏ ရှိနေကြရပါတယ်။

မှတ်ပုံတင်ရေးကူညီသူတဦးက “တိုင်းအဆင့်အသင်းဆို သိန်း ၅၀၀ ရှိကြောင်းပြပြီးရင် အကုန်လုံး သုံးခွင့်မရှိဘူး။ လုပ်ငန်းအတွက် သိန်း ၁၅၀ပဲ ထုတ်ခွင့်ရတယ်။ ကျန်တာ deposit ( အပေါင်) တင်ထားရတာ”လို့ ပြောပါတယ်။

အောက်တိုဘာလအထိတော့ ဘယ်အဆင့်မဆို ကျပ်ငွေ ၁ သိန်းသာ သက်ဆိုင်ရာဘဏ်စာရင်းတွေမှာ ပြခဲ့ရပေမဲ့ အဆ ၁၅၀ ကနေ အဆ ၁၀၀၀ အထိ ကြိုတင်ကြေညာခြင်းမရှိဘဲ တိုးမြှင့်သွားခဲ့တာလည်း ဖြစ်ပါတယ်။

အရပ်ဘက်အသင်းဝင်တယောက်က “အားကစားပွဲတော်နဲ့ တိုက်နေလို့ စာမထုတ်သေးတာလို့ ပြောတယ်။ ညှိရမှာပေါ့ ဒီအသင်းတွေက အခမဲ့အသင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေလို ပိုက်ဆံမှ မဝင်တာ။ နားကြမယ့်အသင်းတွေ ရှိပါတယ်။ တချို့လည်း မှတ်ပုံမတင်ကြတော့ဘူး”လို့ ပြောပါတယ်။

၂၀၂၃-၂၀၂၄ ခုနှစ်ထုတ် လူမှုကူညီရေးအသင်းတွေရဲ့ မှတ်တမ်းတွေအရ ရန်ကုန်တိုင်းအတွင်းမှာတော့ မှတ်ပုံတင်ပြီးသားနဲ့ မတင်ရသေးတဲ့ အရပ်ဘက်အသင်းပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။

သူတို့ရဲ့ ကူညီမှု‌တွေဟာ အားလုံးနီးပါးအခမဲ့ ဖြစ်တဲ့အပြင် အသင်းလည်ပတ်ဖို့ ရန်ပုံငွေ၊ အလှူရှင်တွေရဲ့အကူအညီတွေနဲ့ ရပ်တည်နေရတာကြောင့် မှတ်ပုံတင်ကြေးတိုးမြှင့်မှုဟာ အရပ်ဘက်ကူညီမှုကဏ္ဍကို အားနည်းသွားစေမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013