DVB Logo
Home
မြန်မာသတင်း
ပရဟိတအသင်း ဖွဲ့စည်းလိုပါက ကျပ်သိန်း ၅၀၀ ဘဏ်စာရင်းပြရမည်
DVB
·
November 27, 2024
ပရဟိတအသင်း ဖွဲ့စည်းလိုပါက ကျပ်သိန်း ၅၀၀ ဘဏ်စာရင်းပြရမည်
1 / 2
Donate to DVB

မြန်မာနိုင်ငံအတွင်း အရပ်ဘက် လူမှုကူညီရေးအသင်းတွေ၊ ပရဟိတအသင်းတွေအနေနဲ့ နိုဝင်ဘာလကစပြီး အသင်းမှတ်ပုံတင်ပါက ကျပ်သိန်း ၅၀၀ ဘဏ်စာရင်းပြမှ တရားဝင်ဖွဲ့စည်းခွင့် ပြုတော့တယ်လို့ အရပ်ဘက် ပရဟိတအသင်းတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ချက်‌မျိုး မတွေ့ရှိ‌ရသေးပေမဲ့ လက်အောက်ခံ ဝန်ကြီးဌာန ၃ ခုက ငွေစာရင်း သိန်းရာနဲ့ချီ ပြသခိုင်းနေတာပါ။

၂၀၂၄ အောက်တိုဘာလအထိ မှတ်ပုံတင်ခဲ့တဲ့ အသင်းတွေဟာ မြန်မာကျပ်ငွေ တသိန်းသာ ငွေစာရင်းပြခဲ့ရပေမဲ့ ပြည်ထောင်စုအဆင့်၊ ပြည်နယ်နဲ့ တိုင်းအဆင့်အထိ ဖွဲ့စည်းမယ့် အရပ်ဘက်အသင်းတွေကို ပြည်တွင်း ကြိုက်နှစ်သက်ရာ ဘဏ်တွေမှာ Show Money အဖြစ် အဆ ၅၀၀ နီးပါး တိုးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

ခရိုင်၊ မြို့နယ်၊ ရပ်ကျေးက ပရဟိတအသင်းတွေကတော့ ကျပ်ငွေတသိန်းသာ လက်ရှိမှာ ငွေစာရင်းပြသနေရပြီး ပရဟိတလုပ်မယ့် ကဏ္ဍအလိုက် ဝန်ကြီးဌာနတွေကို သွားရောက်မှတ်ပုံတင်ရတာ ဖြစ်ပါတယ်။

မှတ်ပုံတင်ဖို့ ကူညီပေးနေသူတယောက်က “ဒီလမှ ပြောင်းသွားတာ။ အရင်လအထိ ပြည်ထောင်စုကနေ ရပ်ကွက်ကျေးရွာဖွဲ့ဖွဲ့ တသိန်းပဲ။ ဖွဲ့ပြီးရင် အသင်းတွေရဲ့ လစဉ်ငွေစာရင်းတွေကို ၃ လတခါ၊ ၆ လတခါ သက်ဆိုင်ရာ ထွေအုပ်မှာ မှတ်ပုံတင်ကြေးပေးပြီး စာရင်းစစ်ဖို့ ပေးရတယ်” လို့ ပြောပါတယ်။

အရပ်ဘက်အသင်း‌တွေ မှတ်ပုံတင်ဖို့ကို ၂၀၁၀ ပြည့်နှစ် ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက အသင်းဥပဒေတွေနဲ့ စတင်ခဲ့တာဖြစ်ပေမဲ့ စစ်ကောင်စီလက်ထက် ၂၀၂၂ မှာ ဥပဒေပြင်ဆင်ချက်အသစ်တွေနဲ့ တိုးချဲ့တင်းကျပ်လာခဲ့တာ ဖြစ်ပါတယ်။

အရပ်ဘက်အသင်းဝင်တယောက်က “နာရေးကူညီမှုနဲ့ လူနာတင်ယာဉ်ဆို ကျန်းမာရေးဝန်ကြီးဌာန၊ ကလေးသူငယ်‌နဲ့ အမျိုးသမီးရေးဆို လူကယ်ပြန်ဝန်ကြီးဌာန၊ အရေးပေါ်ကယ်ဆယ်ရေး၊ မီးဘေး၊ ရေဘေးအတွက်ဖွဲ့ရင် မီးသတ်ဦးစီးဌာနကို သွားရတာ။ ဘယ်လိုဖွဲ့ဖွဲ့ မြို့နယ်ထွေအုပ်နဲ့ တိုင်းထွေအုပ်ကို အသိပေးရတယ်” လို့ ပြောပါတယ်။

ပရဟိတအသင်းနဲ့ အသင်းဝင်တွေဟာ လစာမရကြဘဲ ရတဲ့အချိန်တွေမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် အခမဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေကြသူတွေ ဖြစ်ကြပြီး အသင်းရန်ပုံငွေအတွက်လည်း လစဉ်ထည့်ဝင်ငွေတွေ၊ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ရပ်တည်နေရတာကြောင့် မှတ်ပုံတင်ကြေးတိုးမြှင့်မှုဟာ အရပ်ဘက်ကဏ္ဍကို စစ်ကောင်စီဘက်က အားနည်းသွားအောင် လုပ်ဆောင်နေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013