DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ် စစ်ရှောင်များကို အခမဲ့ မှတ်ပုံတင်လုပ်ပေးမည်ဆိုကာ ငွေတောင်းခံ
May 5, 2026
Photo: DVB
Photo: DVB
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်ရှောင်ပြည်သူတွေကို စစ်အာဏာရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနက ရက် ၁၀၀ စီမံချက်နဲ့ အခမဲ့ မှတ်ပုံတင်ပြုလုပ်ပေးမယ်လို့ ပြောဆိုပြီး ငွေတောင်းခံနေတယ်လို့ စစ်ရှောင်တွေနဲ့ ပြည်လည်ဝင်ရောက်နေထိုင်သူတွေက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်တွင်းက စစ်ရှောင်ပြည်သူတွေ တိုက်ပွဲကာလ ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်ပြုလုပ်တာ၊ စမတ်ကတ်ရိုက်တာ၊ E-ID အချက်အလက် ပြင်ဆင်တာတွေကို  ရက် ၁၀၀ စီမံချက်နဲ့  အခမဲ့ပြုလုပ်ပေးသွားမယ်လို့  မက်လုံးပေး ခေါ်ယူခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့ မြေပြင်မှာ ငွေပေးနေရတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ရှောင်တယောက်က “တချို့က နားမလည်တော့ ပေးတာပေါ့။ တချို့က နားလည်တော့ မပေးဘူးပေါ့။ တကယ်တော့ သူတို့က နားမလည်ဘူး မဟုတ်လား။ တချို့ နားလည်တဲ့သူကတော့ ကိုယ်ဟာနဲ့ကိုယ် သွားလုပ်တာပေါ့။ မပေးရဘူးပေါ့။  တချို့ကလည်း ပိုက်ဆံရှိတဲ့သူက  ၅၀,၀၀၀ လည်း ပေးတာလည်းရှိတယ်။ အခမဲ့တော့ မဟုတ်ဘူး။ ပြောတော့ အခမဲ့ပဲ။ အခမဲ့ မဟုတ်ဘူး။ မရှိတဲ့သူကျတော့ အခက်အခဲဖြစ်တာပေါ့။ ဒီအချိန်ဟာ စစ်ဘေးရှောင်ရတယ်။ ရက် ၁၀၀ လား ဘာလဲ။ သူတို့ သတ်မှတ်ထားတယ် မဟုတ်လား။ အဲဒါသူတို့ အခမဲ့ လာကြတဲ့။ ကျောင်းဆရာဟောင်း အငြိမ်းစားသွားလုပ်တာတောင်မှ အခမဲ့ မဟုတ်ဘူး။ ပေးရတယ်။ မနေ့တုန်းကပဲ သွားလုပ်တာ။ အခက်အခဲတွေတော့ မပြောနဲ့ တပုံကြီး”လို့ ပြောပါတယ်။

ရက် ၁၀၀ စီမံချက်နဲ့ မှတ်ပုံတင်ပြုလုပ်ရာမှာ  တိုင်းရင်းသား၊ မွတ်စလင်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်နဲ့ တရုတ်လူမျိုး ဆိုပြီး ငွေပေးရတယ်လို့ ငွေပေးခဲ့ရသူတွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေ မှတ်ပုံတင် အခမဲ့ပြုလုပ်ပေးမယ်ဆိုပြီး ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ဆွယ်နေတာလို့  ပြန်လည်ဝင်ရောက်နေထိုင်သူတွေက ပြောပါတယ်။

ပြန်လည်ဝင်ရောက်နေထိုင်သူတယောက်က “အခုပဲ မှတ်ပုံတင်မြို့နယ်ရုံးက ပြန်လာတယ်။ မှတ်ပုံတင်ရိုက်ရမယ်။ ပိုက်ဆံ မပေးနိုင်သူက မရဘူး။ မြဝတီက ဆင်းလာပြီး လာလုပ်တဲ့သူက ၁၅ ရက် အရက် ၂၀ လောက်ရှိပြီ မရိုက်ရသေးဘူး။ ရက် ၁၀၀  စီမံချက်နဲ့ စစ်ရှောင်တွေပြန်လာဖို့ ဆွယ်တာပေါ့။ အခက်အခဲက ဘယ်လိုပြောမလဲ။ (ပိုက်ဆံတောင်းတာ) အဲတာက သူတို့ပွဲစားရှိတယ်။  သူတို့ကိုယ်တိုင်တော့ မတောင်းဘူး။ သူတို့ပွဲစားကနေ လွှတ်တောင်းတယ်။ နဘူးအပိုင်ဆို နဘူးအပိုင်၊ သူအုပ်စုနဲ့ သူပွဲစား သူရှိတယ်။ သူတို့က အထည့်မှာပဲ ထိုင်တယ်။ မသိလို့ရှိရင် သူတို့က မတောင်းတဲ့ပုံစံ။ အခုက တချို့က သိန်းကျော်တယ်။ ဒီနေ့ဆိုလို့ရှိရင် ၂၀၀ ကျော်တယ်။ နေ့တိုင်း နေ့တိုင်း လုပ်တယ်။ စနေ့ တနင်္ဂနွေကလွဲရင် ကျန်တဲ့နေတွေ လုပ်ပေးတယ်”လို့ ပြောပါတယ်။

လက်ရှိမှာလည်း လျှပ်စစ်မီးတွေ  ဖြန့်ဝေနေပြီလို ပြောဆိုနေပေမဲ့ လက်တွေ့မှာ စစ်တပ်နဲ့ ရဲစခန်းလောက်ပဲ ရရှိပြီး ကျန်တဲ့ လမ်းမီးနဲ့ နေအိမ်တွေ ဘာမှ မရသေးဘူးလို့ သိရပါတယ်။ 

ဒါ့အပြင် ဧပြီ ၅ ရက်က မီးလောင်ပျက်စီးဆုံးရှုံးထားတဲ့ နေအိမ်တွေကို  သစ် ၁ တန်၊ သွပ် ၅ ချပ်၊ ဘိလပ်မြေ ၁၀ အိတ် ပေးမယ်လို့ ပြောဆိုပြီး စစ်ရှောင်ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ မက်လုံးပေး ခေါ်ယူခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013