DVB Logo
Home
နိုင်ငံတကာ
အမေရိကန် တရားသူကြီးကို တိုက်ခိုက်သူ ထောင်ဒဏ် ၂၆ နှစ်ထက်မနည်း ပြစ်ဒဏ်စီရင်ခံရ
DVB
·
December 11, 2024
အမေရိကန် တရားသူကြီးကို တိုက်ခိုက်သူ ထောင်ဒဏ် ၂၆ နှစ်ထက်မနည်း ပြစ်ဒဏ်စီရင်ခံရ
Donate to DVB

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်က တရားခွင်မှာ တရားသူကြီးအား တိုက်ခိုက်ခဲ့တဲ့ အမျိုးသားတယောက်အား ထောင်ဒဏ် ၂၆ နှစ်ထက်အနည်း ချမှတ်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဒီဇင်ဘာ ၁၀ ရက်မှာ ဖော်ပြပါတယ်။

တရားခွင်မှာ တရားသူ​ကြီး တိုက်ခိုက်ခံရတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုက အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက လက်စ်ဗီးဂတ်စ်မြို့က တရားရုံးတခုမှာ အသက် ၃၁ နှစ်အရွယ် ဒီယိုဘရာ ရဒ်ဒန်ဟာ ခုံတန်းတွေပေါ်ကနေ ကျော်လွှားပြီး ကလာ့ခ်ကောင်တီ ခရိုင်တရားရုံးတရားသူကြီး မယ်ရီကိုင်း ဟိုးသုစ်ကို တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုမစမီအခိုက်အတန့်မှာ ရဒ်ဒန်က သီးခြား ကြီးလေးတဲ့ ပြစ်မှုအတွက် တရားသူကြီးက သက်ညှာပေးဖို့ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။ 

သူဟာ စိတ်ရောဂါဝေဒနာခံစားနေရပေမဲ့ ပြန်နာလန်ထလာပြီး ထောက်ပံ့ရေးစနစ်နဲ့ အလုပ်သစ်တစ်ခုရလာပြီမို့ ထောင်ကျချိန် မထိုက်တန်ဘူးလို့ သူက ပြောခဲ့ပါတယ်။ 

ရဒ်ဒန်ဟာ ရှင်းလင်းချက်တွေကို အော်ပြောရင်း တရားရုံးဝန်ထမ်းတွေက ဆွဲထုတ်သွားတာ မခံရခင် ခုံတန်းလျားပေါ်ကနေ ရုတ်တရက် ခုန်တက်သွားပြီး တရားသူကြီးအား တိုက်ခိုက်ခဲ့တာပါ။

ရဒ်ဒန်ရဲ့ ရှေ့နေ ကားလ် အားနော့က သူ့အမှုသည်ဟာ တိုက်ခိုက်ချိန်မှာ သူ့ရောဂါအတွက် သတ်မှတ်ထားတဲ့ ဆေးကိုမသောက်ထားခဲ့ဘူးလို့ ပြောခဲ့တဲ့အကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ 

ရဒ်ဒန်က တရားသူကြီးကိုသတ်ဖို့ မရည်ရွယ်ခဲ့ဘူးလို့လည်း လက်စ်ဗီးဂက်စ် ရုပ်သံလိုင်း KLAS-TV က ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013