DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ငါးပိသိပ်ကျင်းထဲ အလုပ်သမား ၅ ဦး ထူးဆန်းစွာသေဆုံး
DVB
·
December 11, 2024
ထိုင်းတွင် ငါးပိသိပ်ကျင်းထဲ အလုပ်သမား ၅ ဦး ထူးဆန်းစွာသေဆုံး
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဖစ်ချ်ဘွန်းခရိုင် လုမ်ဆဒ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက် ညနေက  ငါးပိသိပ်တဲ့ကျင်းထဲ သေဆုံးနေတဲ့ အလုပ်သမား ၅ ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ 

အဆိုပါနေအိမ်မှာ ငါးပိ နဲ့ ငံပြာရည်လုပ်ငန်းကို တနိုင်တပိုင်ထုတ်လုပ်နေပြီး အလုပ်သမား ၆ ယောက်သာရှိတယ်။  အခင်းဖြစ်တဲ့နေ့က အလုပ်သမားတယောက်ဖြစ်သူ နိုင်းဝိနိုင်း ဆိုသူမှာ ငါးပိတွေကို ဖောက်သယ်ဆီသွားပို့ရင်း ညနေ ၅ နာရီလောက် ပြန်လာတော့ လုပ်ဖော်ကိုင်ဘက်တယောက်မှမတွေ့ရကြောင်း၊ ဒါကြောင့် အိမ်ထဲလိုက်လံရှာဖွေရာမှာ ငါးပိသိပ်တဲ့ကန်ထဲ ၅ ယောက်လုံး သတိမေ့လဲကျနေတာ တွေ့ ရတာလို့ ဆိုပါတယ်။ 

နိုင်းဆုမ်ဆဒ်က ကန်ထဲဆင်းပြီး သူတို့ကိုကယ်တင်ဖို့ ကြိုးစားပေမဲ့ အားလုံးသေဆုံးနေပြီဖြစ်လို့  လုပ်ငန်းရှင်ကိုရော ရဲစခန်းကိုပါအကြောင်းကြားခဲ့တာလို့ ကာယကံရှင်က ပြောပါတယ်။ 

ရဲတွေ လာရောက်စစ်ဆေးရာမှာ ၄ ယောက်က ဦးခေါင်းကို တဘက်တည်းလှည့်တဲ့ အနေအထားနဲ့ သေဆုံးပြီး နောက်တယောက်ကတော့ ဆန့်ကျင်ဘက်အရပ်ကို လှည့်နေတယ်၊  သေဆုံးသူတွေမှာ အသက် ၃၀ နဲ့ ၇၀ ကျော်အရွယ်ရှိပြီး အားလုံးဟာ ဒေသတွင်းက ထိုင်း အလုပ်သမားတွေလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

သူတို့ကို တွေ့ရှိတဲ့ ကျင်းမှာ အကျယ် ၃ စတုရန်းမီတာနဲ့ အနက် ၂ မီတာကျော်ရှိတယ်၊ ယခင်က ငါးပိသိပ်တဲ့ ကျင်းဖြစ်ပြီး အလုပ်မလုပ်ဘဲ ပစ်ထားတာ တနှစ်ကျော်ပြီ၊ ဒီမတိုင်ခင် ရှေ့က ငါးပိအော်ဒါလာတော့ အဲဒီကန်ကို အသုံးပြုဖို့ သားမက်နဲ့ အလုပ်သမား ၄ ယောက်က သွားပြီး သန့်ရှင်းရေးလုပ်နေတာ၊ သူတို့က ငါးပိလုပ်ငန်းလုပ်လာတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ ခုလိုတခါမှ မဖြစ်ဖူးဘူးလို့ အိမ်ရှင်ဖြစ်သူ နိုင်းရားချိုင်းက ပြောပါတယ်။ 

တာဝန်ရှိသူတွေက သေဆုံးသူတွေကို ဓာတ်ခွဲစစ်ဆေးဖို့ ဆေးရုံကိုပို့လိုက်တယ်၊ သူတို့အတွက် အသုဘသင်္ဂြိုဟ်စရိတ် တယောက်လျှင် ဘတ် ၂၀,၀၀၀ စီ ကနဦးပေးခဲ့ပြီး လုပ်ငန်းခွင်တွင်း သေဆုံးမှုအတွက် နောက်ထပ်နစ်နာကြေး ထုတ်ပေးဦးမယ်လို့ အိမ်ရှင်က ပြောပါတယ်။ 

အလောင်းတွေ့တဲ့နေရာက ပတ်ဝန်းကျင်အနေအထားကို တာဝန်ရှိသူတွေ လိုက်လံစစ်ဆေးရာမှာ ခေါင်မိုးက မိုးယိုနေပြီး ကျင်းထဲမှာလည်း အမှိုက်သရိုက်တွေပါတဲ့ရေ ၄၀ စင်တီမီတာခန့် မြင့်တက်နေတယ်၊ ဆေးစစ်ချက် ကနဦးထွက်ပေါ်ရာမှာ သေသူရဲ့ သွေးတွေဟာ အစိမ်းရောင်ဖြစ်နေတယ်၊ ဒါဟာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့အဆိပ်သင့်တဲ့ပုံစံဖြစ်ပြီး ဘန်ကောက်ရဲ ဆေးရုံက ဆေးစစ်ချက်အဖြေထွက်တော့မှ သေဆုံးရခြင်းအကြောင်းရင်းကို ထုတ်ပြန်နိုင်မယ်လို့  လုမ်ဆဒ်မြို့မရဲစခန်း တာဝန်ရှိသူက ပြောသွားပါတယ်။ 

ကိုးကား - matichon / CH7 HD News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013