DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားသူပုန်များက ညမထွက်ရအမိန့် ကြေညာ၊ အီရန်သံရုံး စီးနင်းခံရ
DVB
·
December 9, 2024
ဆီးရီးယားသူပုန်များက ညမထွက်ရအမိန့် ကြေညာ၊ အီရန်သံရုံး စီးနင်းခံရ
Donate to DVB

ဆီးရီးယားသူပုန်တွေက ညမထွက်ရအမိန့်ကို စတင်သတ်မှတ်လိုက်လို့ ဒမတ်စကတ်မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ ကားတွေကို မြင်တွေ့ရပြီး သေနတ်သံတွေလည်း ကြားနေရပါတယ်။

မြို့တော် ဒမတ်စကတ်မှာ ဒေသစံတော်ချိန် ညနေ ၄ နာရီကနေ မနက် ၅း၀၀ နာရီအထိ ညမထွက်ရအမိန့်ကို ဆီးရီးယားသူပုန်တွေက ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဆီးရီးယားသူပုန်တွေက ဒမတ်စကတ်မြို့တော်ကို သိမ်းပိုက်ပြီး သမ္မတ ဘတ်ရှားအယ်လ် အာဆတ်ကို ဒီဇင်ဘာ ၈ ရက်က ဖြုတ်ချခဲ့တာပါ။

အာဆတ် မိသားစုရဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ သက်ဦးဆံပိုင် အုပ်စိုးမှုကို အဆုံးသတ်ပြီး အရှေ့အလယ်ပိုင်း ဒေသအတွက် ၁၃ နှစ်ကျော်ကြာ ပြည်တွင်းစစ် အဆုံးသတ်ခဲ့ပါတယ်။

အစ္စလာမ္မစ် သူပုန်တွေရဲ့ အောင်ပွဲဟာ ဒေသတွင်းမှာ အာဆတ်ရဲ့မဟာမိတ် ရုရှားနဲ့ အီရန်တို့ရဲ့ သြဇာလွှမ်းမိုးမှုအပေါ် ကြီးမားတဲ့ ထိုးနှက်ချက်တရပ် ဖြစ်လာပါတယ်။

ဆီးရီးယားမြို့တော် ဒမတ်စကတ်ကို ဆီးရီးယားသူပုန်တွေက ဒီဇင်ဘာ ၈ ရက်မှာ သိမ်းပိုက်ပြီးတဲ့နောက် မြို့တော်တွင်း အီရန်သံရုံးကို ဝင်ရောက်စီးနင်းခဲ့လို့ သံရုံးထဲမှာ စာရွက်စာတမ်းတွေ ပြန့်ကျဲနေပုံကို တရုတ်ရုပ်သံ  CGTN က ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ ပျက်စီးနေတဲ့ သံရုံးအဆောက်အအုံ၊ ပြန့်ကျဲနေတဲ့ စာရွက်စာတမ်းတွေ၊ သက်သေခံ ID ကတ်ပြားနဲ့ ဓာတ်ပုံတွေ မြေပြင်ပေါ် ပြန့်ကျဲနေတာကို ပြသထားပြီး အော်ဟစ်သံတွေကို နောက်ခံမှာ ကြားနေရပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘဂါနီက တနင်္ဂနွေနေ့က သံရုံးတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ်နဲ့ သံရုံးဝန်ထမ်းတွေ အထိအခိုက်မရှိဘဲ ကျန်းမာရေးကောင်းမွန်တယ်လို့ ပြောခဲ့ပါတယ်။

သူပုန်တွေဟာ မြို့တော် ဒမတ်စကတ်က အီတလီသံတမန်ရဲ့ နေအိမ်ကိုလည်း ဝင်ရောက်ခဲ့ပါတယ်။

ဒေသတွင်း အဖွဲ့ခွဲတွေနဲ့ နိုင်ငံတကာ အကဲခတ်တွေက ဆီးရီးယားနိုင်ငံထဲက အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြပြီး သံတမန်ရေးရာ လုပ်ငန်းတာဝန်တွေ တည်ငြိမ်မှုနဲ့ အီရန်သံရုံး စီးနင်းခံရမှုလို ဖြစ်ရပ်တွေ ဖြစ်အပြီး မြို့တော်မှာ အကြမ်းဖက်မှု ပြင်းထန်လာနိုင်တဲ့ အလားအလာတွေကို စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013